Part _1

2.4K 148 18
                                    

ပတ်ဝန်းကျင်တစ်ခွင်က အုံ့မှိုင်းထုံထိုင်းနေသည်။မကြာခင် မိုးရွာတော့မည်ထင်သည်
အဆောင်အပေါ်ထပ် ဝရံတာမှာ ရပ်၍ငေးမောနေရာမှ တစ်ယောက်တည်းစကားတွေပြောနေမိသည်

"ဂျိမ်း..."

အို မိုးမင်းကြီးက အငြိုးကြီးသည်ထင်၏
မရွာခင်ထဲက အသံတွေပေးပြီးခြိမ်းခြောက်နေပါပြီ။ တစ်ခဏအတွင်း လေပြေလေးများကြား မိုးရေမှုန်မွှားအစအနလေးများ ရောထွေးပတ်ဖြန်းခြင်းကို ခံစားမိသည်
ဟုတ်တာပေါ့ မိုးတွေရွာနေပြီ
အဆောင်ဝရံတာကနေ အောက်ကိုငုံ့ကြည့်မိတော့ ရေချိုးအုတ်ကန်နဲ့အဆောင်ကြား ၈ပေအကွာသာကျယ်သော နေရာလေး၏ အလယ်ဗဟိုတွင် ငွေပန်းပင်လေးများ စိုက်ထားသည်ကိုတွေ့ရသည်
မိုးရေမိုးစက်တို့ပတ်ဖြန်းခြင်းကို ဂုဏ်ယူဝင့်ကြွားစွာ ခံယူလျှက်ရှိသော ငွေပန်းပင်တို့က လေပြေတွေကြား ယိမ်းနွဲ့၍ကကြိုးဆင်နေသည်မှာ ကြည်နူးစရာကောင်းသည်
တစ်ဖန် အဆောင်အဝင်ပေါက်ဘက်ကြည့်မိတော့ သရက်ပင်တို့၏ အရွက် အကိုင်းအခက်တို့က ဝေ့ဝဲယိမ်းယိုင်လှုပ်ခက်နေပြန်သည်
ပတ်ဝန်းကျင်ကိုငေးမောနေစဥ်မှာပင် မိုးက ပို၍အငြိုးကြီးစွာ ရွာချနေသည်
မိုးကြိုးလျှပ်စီးတို့ကလည်း တစ်ဂျိမ်းဂျမ်းအသံပေး၍ ခြောက်လန့်နေသည်
လျှပ်စီးအလင်းရောင်ကလည်း ဝင်းခနဲ ဝင်းခနဲနှင့် ကြောက်စရာကောင်းလှသည်
တစ်ယောက်တည်း တိတ်ဆိတ်စွာ ငေးမောနေရာမှ ကြောက်စိတ်အနည်းငယ်ဖြစ်လာသောကြောင့် အောက်ထပ်သို့ဆင်းလာခဲ့သည်
အောက်ထပ်ရောက်တော့ အဆောင်နေကျောင်းသူမိန်းကလေးများ၏ အသံအားကောင်းကောင်းဖြင့်အော်ဟစ်ဆူညံသံ တစ်ချို့ကြားရသည်
ခနက အပေါ်ထပ်မှာ ရပ်နေစဥ်က မိုးသံကြောင့် အောက်ထပ်က ဆူညံသံများမကြားရ
ဆင်းကြည့်မှ ကိုယ့်ထက်ကြောက်ဒူးတုန်နေသည့် မိန်းကလေးတွေကိုကြည့်ပြီး ရယ်ချင်လာသည် တချို့မိန်းကလေးတွေဆို အသံပြဲကြီးတွေဖြင့်အော်ဟစ်၍သူတို့လက်နှစ်ဖက်ဖြင့်နားတွေကိုပိတ်ထားသည် တချို့က ခုံရှည်ပေါ်မှာထိုင်နေသော ဆရာမနှစ်ယောက်၏ ခြေထောက်နှစ်ဖက်ကိုဖက်၍ထားသည် တချို့က ဆရာမနှစ်ယောက်၏လက်တွေ ခါးတွေ စသည်ဖြင့် ဖက်ထား၍အော်ကြလေသည် မိုးမင်းကြီးကလည်း ကြောက်သည်ဆိုမှ ပို၍ခြောက်နေလေသည်

Keep Your Love In My HeartWhere stories live. Discover now