Part_17

812 86 49
                                    

အတန်းဆောင်ဘက်တွင် သီချင်းသံလေးတွေပျံ့လွှင့်နေသည် ထမင်းစားဆောင်ထဲတွင်လည်း ဆူဆူညံညံရှိသည် အတန်းဆောင်တွေရဲ့ရှေ့ ကွင်းပြင်တွင် ခြေတွေရှုပ်နေကြသည်
ပစ္စည်းသယ်တဲ့သူကသယ် နေရာချတဲ့သူကချ စီစဥ်တဲ့သူကစီစဥ်
ထမင်းဆောင်ထဲတွင်လည်း ကြက်သွန်လှီးတဲ့သူကလှီး သင်တဲ့သူကသင် အရွက်ခြွေတဲ့သူကခြွေ အသားငါးဆေးတဲ့သူကဆေး စသည်ဖြင့် အလုပ်ကိုယ်စီနှင့်မအားလပ်နိုင်အောင်အလုပ်ရှုပ်နေကြသည်

" ဟိုကျောင်းသား ဒီခဏလာအုံး
ဒီစားပွဲကို ဟိုနားနေရာချ ပြီးရင် ဆရာ့ရုံးခန်းထဲက ခုံတွေ စားပွဲနားချ "

ဆရာကြီးက သူ့ကျောင်းသားတွေကို ကိုယ်တိုင်ကြီးကြပ်ညွှန်ကြားနေသည်

"အန်တီ လိုအပ်တာတွေပြင်ဆင်ပြီးပြီလား"

"ဟုတ် ဆရာကြီး
ပြင်သလောက်တော့ပြီးပြီ
ဒါမယ့်လိုအပ်တာတွေရှိသေးတယ်"

"ဟုတ်လား ခဏ
ချယ်ယောင်း...ကျောင်းသူတွေ အဲ့နားမှာ ချယ်ယောင်းရှိလား"

"အဆောင်ခဏသွားတယ်ဆရာကြီး
အာ....ဟိုမှာလာနေပြီရှင့် "

အတန်းဆောင်နှင့်ထမင်းစားဆောင်ဘက်ကို ဆရာမချယ်နှင့်လီဆာ လက်ချင်းတွဲပြီး အတူတူဦးတည်လျှောက်လာနေသည်

"ချယ်ယောင်း"

"ရှင်..ဟုတ်ကဲ့ ဆရာကြီး "

"အန်တီက လိုအပ်တာတွေရှိသေးတယ်ပြောတယ် အဲ့တာ ချယ်ယောင်းက စာရင်းပြုစုပြီး စျေးသွားပေးနိုင်မလား"

"ဟုတ် ရပါတယ်ရှင့်
သမီးသွားဝယ်လိုက်ပါ့မယ်"

"အေးအေး ဟုတ်ပြီ
အန်တီကိုသွားမေးလိုက်နော်"

"ဟုတ် "

"လီဆာ.လာ....."

ဆရာမချယ်က လီဆာလက်လေးကို ဆုတ်ကိုင်ထားရာကနေ အနည်းငယ်အားထည့်ဆုတ်ကိုင်ပြီး အန်တီဆီသို့ခေါ်သွားသည်

"အန်တီ ဘာတွေလိုတာလဲ"

"လိုတာက နည်းနည်း  များတယ်
ချယ်လေးနိုင်ပါ့မလား"

" ကျောင်းသူတွေခေါ်သွားလိုက်မယ်လေ"

"အေး အဲ့တာဆိုရင်တော့အဆင်ပြေတာပေါ့
ခဏနော် လိုတာတွေပြောလိုက်မယ် ချယ်လေးကစာရင်းနဲ့မှတ်သွား ဟုတ်ပြီလား"

Keep Your Love In My HeartWhere stories live. Discover now