Extra 💌

605 38 10
                                    

ချစ်လျှက်နှင့်အချိန်ကြာကြီးဝေးခဲ့ရသည့်ကောင်မလေးနှစ်ယောက်၏ ပြန်လည်ပေါင်းစည်းမှု့ဇာတ်လမ်းလေးသည် ဤကျောင်းဝန်းအတွင်းဝယ် ပြောစမှတ်တွင်ဖွယ်ဇာတ်လမ်းလေးဖြစ်သွားရလေသည်။

"အိုကွယ် ဒို့တော့ သူတို့ကဒီလိုဇာတ်လမ်းတွေရှိမှန်းမသိခဲ့ပါဘူး ဒါကြောင့် အပျိုကြီးချယ်က ဒီတလော ထူးဆန်းနေပါတယ်လို့တွေးနေတာ"

ချယ်နဲ့လီလီတို့အကြောင်း အားလုံးသိသွားကြသည်မို့ ယခု ကျောင်းဝန်းထဲကလုပ်ဖော်ကိုင်ဖက်ဆရာမများနှင့်လီလီတို့အဖွဲ့က ဝိုင်း၍စနေကြသည်။ချယ်လည်း အခုမှအရှက်ပိုကာ ခေါင်းပင်မဖော်။

"ခေါင်းဆောင်လီက ကြင်ယာတော်အရွေးတော်တယ်ဗျို့
လှပေချောပေဆိုမှ ‌ရွေးသွားတယ်ဗျာ"

"မင်းတို့လည်း ရွေးလိုက်လေကွာ"

လီလီက သူ့အဖွဲ့ထဲက လူပျိုတွေကို ဆရာမလေးတွေဆီ မျက်စပစ်ပြတော့ လီလီ့လူတွေက မလုပ်ရဲပေါင်ဗျာဟူသောအထာဖြင့် ပြလေသည်
..................................

လေပြေလေးတဖြူးဖြူးတိုက်ခက်နေသည့် ကျောင်းဝန်းထဲက သစ်ပင်များ၏အရိပ်အောက်တွင် ချစ်ရသူနှစ်ဦး လက်ချင်းတွဲ၍ လမ်းလျှောက်နေကြသည်။ ချယ်၏ခေါင်းပေါ်တွင် ကြွေကျလာသော သစ်ရွက်လေးကို လီလီက ကြင်နာယုယစွာ ဖယ်ပေးလိုက်သည်။ထို့နောက် လမ်းလျှောက်အနေထားမှရပ်ကာ ချယ်၏ပုခုံးနှစ်ဖက်ကို ညင်သာစွာဆုတ်ကိုင်မိသည်။

အချိန်တွေအကြာကြီးခွဲခွာခဲ့ရသော်လည်း မရဲ့မျက်နှာလေးဟာ အရင်လိုကြည်လင်တောက်ပ၍နုပျိုနေဆဲပင်။ တခါတလေ ရှက်ရိပ်သန်းသွားသည့်အခါတိုင်းနီမြန်းသွားသည့် မရဲ့ပါးပြင်လေးကိုလည်း လီလီသိမ်းပိုက်ချင်သည်။ဒါကြောင့် အရှက်သည်းကာ မျက်နှာလေးငုံ့ထားသည်ကိုအခွင့်ကောင်းယူကာ မရဲ့ပါးပြင်လေးကို လီလီ နမ်းလိုက်မိသည်။ထိုအခိုက် သစ်ရွက်ဝါတို့သည်လည်း ချစ်သူနှစ်ဦး၏ ချစ်စဖွယ်အလွမ်းပြေအနမ်းကို မြင်၍အရှက်ပိုကာ မြေပြင်သို့ဆင်းသက်ပြေးကြလေသည်။

"အို လီလီ လူတွေမြင်ကုန်မှ"

လီလီ ရင်ဘက်လေးကို လက်သီးလေးနဲ့ထုကာပြောလာသည့်မကို အသည်းယားကာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

Keep Your Love In My HeartWhere stories live. Discover now