Part _27

617 78 49
                                    

သံယောဇဥ်ဆိုတာ မျိုးစေ့တစ်စေ့နဲ့တူတယ် မျိုးစေ့လေးကနေ တစ်ဆင့်တစ်ဆင့်ကြီးထွားလာလိုက်တာ နောက်ဆုံးမှာ သစ်ပင်ကြီးတစ်ပင်ဖြစ်ခဲ့ရတယ် နူးညံ့တဲ့မျိုးစေ့လေးကနေ လေဒဏ်မိုးဒဏ်မုန်တိုင်းဒဏ်တွေကို ကြံ့ကြံ့ခံနိုင်တဲ့ သစ်ပင်ကြီးဖြစ်သွားရတာမဟုတ်လားသံယောဇဥ်ဆိုတာလည်း အသေးအမွှားအပြုမူလေးတွေကနေ တစ်စတစ်စ ရစ်နှောင်သွားလိုက်တာ ဖြတ်မရတဲ့မေတ္တာကြိုးတွေကိန်းဝပ်ခဲ့ရသည်ထိဖြစ်ခဲ့ရပါပြီကော

"ဒို့လိုင်းတက်မလို့ မင်းစကားပြောချင်ရင်လိုင်းတက်ခဲ့နော် ကောင်မလေး"

မတွေ့ရတာ တစ်ပတ်တောင်ရှိသွားပြီဖြစ်တဲ့ ချယ့်ကလေးလေးလီဆာဆီ message ပို့ပြီး လိုင်းတက်မည်ဆိုတာကို အသိပေးလိုက်သည် သိပ်မကြာခင်မှာပဲ ချယ့်ဆီ စာတစ်စောင်ပြန်ဝင်လာသည်

"ဟုတ် သမီးလိုင်းတက်ခဲ့မယ်နော်"

ချယ် ဖုန်းထဲမှာဝင်လာတဲ့messageလေးကိုဖတ်ပြီးပြုံးနေမိသည်
လိုင်းကိုဖွင့်ပြီး facebookဘက်ကိုဝင်လိုက်လျှင်ဘဲ လီဆာဆီက စာတွေဆက်တိုက်ဝင်လာသည်

"လွမ်းနေတာ ဆရာမချယ်ကို"

"ဘာတွေလုပ်နေလဲ ဆရာမချယ်
သမီးကိုရော လွမ်းနေလား လွမ်းမယ်မထင်ပါဘူး"

ချယ် လီဆာပို့လာတဲ့ စာလေးတွေဖတ်ရင်း ထပ်ပြုံးမိပြန်သည် ဒီကလေးဟာလေ သူ့ဘာသာပြောပြီးသူ့ဘာသာပြန်ဖြေနေတာပါလား ချယ့်ကိုဆို မခံသိမခံသာဖြစ်အောင်အမြဲစကားနာလေးထိုးလိုက်ရမှကျေနပ်သည့် ကလေးစုတ်လေးရယ်ပေါ့

"လွမ်းနေရင် လာတွေ့ပေါ့
လာမတွေ့ဘဲနဲ့ လွမ်းတယ်ပြောတာယုံရမှာလား"

ဆရာမချယ်ဆီက ချွဲသည့်ပုံစံလေးစကားဆိုလာတော့ စာကိုဖတ်ရင်း လီဆာတစ်ယောက် နားရွက်ကိုပါးစပ်တက်ချိပ်တော့မည့်အတိုင်း ပြုံးဖြီးပြီးကျေနပ်နေသည်

"လာချင်တယ် မလာရဲဘူး"

"ဘာမလာရဲစရာရှိလို့လဲ
မင်းကိုရောင်းမစားပါဘူး"

" ပြောမရဘူးလေ ရောင်းစားရင်ဘယ်လိုလုပ်မလဲ ဒီက ကလေးလေးရှိသေးတာ ဟားဟား "

Keep Your Love In My HeartWhere stories live. Discover now