Part _18

731 92 25
                                    

ဒီနေ့နံနက် လေပြေလေးတသွေးသွေးနှင့် သာယာသည် အဆောင်ဝန်းကျင်တစ်လျှောက် ဘယ်နေရာကြည့်ကြည့် သာယာနေသည် အဆောင်ခြံဝန်းထဲတွင်လည်း သီချင်းသံမြူးမြူးလေးတွေက ပြတ်သားစွာ ထွက်ပေါ်နေသည် အုန်းပင်ပေါ်မှာနားနေတဲ့ငှက်ကလေးတွေကပင် ပကျိပကျိနဲ့ မပီကလာပီကလာ တေးသီချင်းကိုလိုက်ဆိုနေကြသည်က ချစ်စရာ ကြည်နူးစရာကောင်းသည် အဆောင်ထဲတွင်လည်း ကျောင်းသူကျောင်းသား ဆင်တူအက်ျီလေးတွေနှင့် ကျက်သရေရှိလှသည် ခရမ်းရောင်ရှပ်အက်ျီလေးတွေကို မိန်းကလေးတွေက ခရမ်းရောင် လုံချည်လေးတွေနှင့်တွဲဖက်ဝတ်ဆင်ထားသလို ကောင်လေးတွေကလည်း ခရမ်းဖျော့ရောင် ယောပုဆိုးလေးတွေကို ဝတ်ထားသည်က ကြည့်မြင်သူတိုင်းကို ရင်အေးစေသည် ဖြူဖြူသန့်သန့်ခန့်ခန့်ညားညားကျောင်းသူ/သားတွေကိုကြည့်ပြီး လူတိုင်းအားကျချင်စဖွယ်ကောင်းနေသည် မပြောပဲကြည့်ရုံနှင့်ကို ထက်မြတ်သည့်စည်းကမ်းရှိသည့် ကျောင်းသူ/သားတွေမှန်းသိနိုင်သည်

" အန်တီ လှူဖွယ်ပစ္စည်းတွေကို ဟိုကားပေါ်တင်ပေးပါနော် ပြီးတော့ အကုန်စုံပါစေနော်"

"ဟုတ် ဆရာကြီး
အန်တီအကုန်စစ်ယူခဲ့ပါ့မယ်"

"ချယ်ယောင်း....အဆောင်ထဲကကျန်နေတဲ့ကျောင်းသူတွေကို ပြင်ဆင်ပြီးရင် ဒီဘက်လာခဲ့တော့လို့ပြောလိုက်တော့"

"ဟုတ်ကဲ့ပါ ဆရာကြီး
သမီးသွားပြောလိုက်ပါ့မယ်"

"အေးအေး ချယ်ယောင်းရော ပြင်ဆင်တော့လေ သွား....ဒီမှာ တခြားကလေးတွေလည်းရှိတာပဲ လိုအပ်တာတွေသူတို့ပဲခိုင်းလိုက်မယ် "

"ဟုတ်ကဲ့ ဒါဆိုသမီးကိုခွင့်ပြုပါအုံးနော်"

မနက်၃နာရီခွဲတည်းက ထပြီး ထမင်းစားတောင်ဘက်လာခဲ့ရသည် လုပ်စရာရှိတာတွေ အန်တီတို့ကူလုပ်ရသည် ချယ်လာတော့ လီဆာကပါလိုက်လာသည် သူလည်းပင်ပမ်းနေရှာမှာပါ မလိုက်ခဲ့နဲ့လို့ပြောတာကို ပေကပ်ကပ်နဲ့ချယ့်အနားနေချင်တာဆိုပြီးလိုက်လာခဲ့သည် ကျန်တဲ့ကလေးတွေကတော့ မနက်၄နာရီခွဲလောက်မှရောက်လာကြပြီး ကူလုပ်ကြ ပြင်ဆင်ကြနှင့် မည်သူမျှမအားနိုင်ဖြစ်နေသည် အခုမနက်၇နာရီခွဲနေပြီ ချယ်ဘာမှမပြင်ဆင်ရသေး ဟူးးနောက်ကျတော့မှာ ဟိုလီဆာဆိုတဲ့ကလေးစုတ်က ချယ့်ကိုမစောင့်ပဲ ဘာလို့အဆောင်အရင်ပြန်နှင့်တာလဲ စိတ်တိုလိုက်တာ.......

Keep Your Love In My HeartWhere stories live. Discover now