.1.

563 82 16
                                    

Unicode

"ဘယ်သူမှလာ​ကြိုစရာမလိုဘူး"ဆိုတဲ့စကားကြောင့် လေဆိပ်မှာကျွန်တော့်ကိုလာစောင့်နေမယ့်သူမရှိ...လွယ်အိတ်တစ်လုံးနဲ့Luggageလေးတစ်လုံးသာယူပြီး လန်ဒန်ကနေပဲရစ်ကိုလာခဲ့သည်။တစ်ကိုယ်ရည်တစ်ကာယသမားအတွက်ဘာတွေများ များများစားစားလိုအပ်မှာမို့လဲ

လေဆိပ်ရုံထဲဝင်ဝင်ချင်းမှာပင်တွေ့ရတာကရုပ်ရှင်ရိုက်ကွင်းတစ်ခု။ဆက်တင်တွေတောင်သိမ်းနေပြီဆိုတော့ရိုက်ကွင်းပြီးသွားပုံပဲ

ဘတ်ခ်ဟျွန်းလေဆိပ်ကနေထွက်လာလိုက်ပြီးဝတ်ထားတဲ့ဂျင်းအင်္ကျီလက်ရှည်လေးကိုခါးမှာစည်းလိုက်သည်။ဘောင်းဘီအိတ်ကပ်ထဲက စီးကရက်တစ်ချောင်းကိုနှုတ်ခမ်းမှာတေ့လိုက်ရင်းမီးခြစ်ကိုရှာတော့ မတွေ့။ဘတ်ခ်ဟျွန်းပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်လိုက်ရင်း ခုနကသိမ်းနေတဲ့ရိုက်ကူးရေးအဖွဲ့ဆီကနေ ထွက်လာတဲ့လူတစ်ယောက်ရှေ့ပိတ်ရပ်လိုက်ပြီး

"ငါမီးခြစ်မပါခဲ့လို့..."

"အဲ့တော့..."

"ငါ့စီးကရက်ကိုမီးညှိပေးပါ"

ဘတ်ခ်ဟျွန်းစကားကြောင့် ထိုလူက အိတ်ကပ်ထဲကမီးခြစ်လေးကိုထုတ်လိုက်ပြီး လက်ညိုးနဲ့လူခလယ်ကြားမှာနေရာယူထားတဲ့ဆေးလိပ်လေးကိုမိးညှိပေးလိုက်သည်။

နှုတ်ခမ်းနားကိုစီးကရက်လေးပြန်ရောက်သွားခါနီးသူက ကျွန်တော့်လက်ကိုပြန်ဆွဲဖမ်းလိုက်ပြီး

"ကောင်လေး မင်းအသက်ရောပြည့်ရဲ့လား"

"ဟက်...ခင်ဗျားနဲ့ဆိုင်လား..."

လက်ကိုအတင်းရုန်းထွက်လိုက်ရင်းစီးကရက်ကိုနှုတ်ခမ်းပါးပါးနှစ်ခုကြားနေရာချလိုက်သည်

"ဆယ့်ရှစ်မပြည့်ပဲစီးကရက်မသောက်သင့်ဘူး"

ထိုလူရဲ့မျက်နှာတည့်တည့်ကိုဆေးလိပ်ငွေ့တွေနဲ့မှုတ်ထုတ်လိုက်သည်။ဝေဝါးသွားပေမယ့် နှစ်စက္ကန့်ခေါက်အကြာမှာပြန်လည်ရှင်းလင်းသွားတဲ့မြင်ကွင်းတစ်ခုနဲ့အတူ ထိုလူက ကျွန်တော့်ကိုမျက်မှောင်ကြီးကျုံ့လို့ကြည့်နေသည်

Strawberries And CigarettesTempat cerita menjadi hidup. Temukan sekarang