Unicode
"ဇ မရှိပဲ လာမစမ်းနဲ့ရှင်းတယ်နော်..."
ကလပ်ကမီးရောင်စုံကြားမှာ ကျွန်တော်ဒေါသတွေထွက်နေမိသည်။သပ်သပ်မဲ့ရန်လာရှာနေသော ဒီကြီးကောင်ကြီးမ အိုနာသေတွေကိုLessonပေးရတာ ဘဝမှာအလွယ်ကူဆုံးအလုပ်ပဲ
ဘတ်ခ်ဟျွန်းခြေထောက်အောက်မှာပြားပြားဝပ်ဆိုသလို သူတို့ထဲကမှောက်ယက်လဲနေတဲ့လူရဲ့ကျောကုန်းပေါ်ကိုဘတ်ခ်ဟျွန်းခြေထောက်တစ်ဖက်တင်ထားရင်းဝိုင်ခွက်ကိုမော့ချလိုက်သည်။
"ဒါက လူတွေသူတွေပျော်တဲ့ကလပ်...မင်းတို့ဖင်မငြိမ်တိုင်းသရမ်းလို့ရတဲ့နေရာမဟုတ်ဘူး။မဟုတ်မဟပ်တွေစျေးဖြတ်ချင်ရင် Gay Barသွား။ လူကောင်သေးတိုင်းအောက်ကနေငြိမ်ခံနေမယ်မထင်နဲ့ ဆေးလိပ်မီးနဲ့လှမ်းထိုးလိုက်လို့လူညွှန့်တုံးသွားမယ်
လူကိုအသားလွတ်စျေးလာခေါ်နေတဲ့အသက်လေးဆယ်ကျော်ခပ်ထွားထွားလူသုံးယောက်ကို ချန်းယောလ်တစ်ချက်ကျွန်တော်တစ်ချက်ပဲရှိသေးတယ်။သူတို့ကမှောက်နေပြီ
ကျောပေါ်တင်ထားတဲ့ခြေထောက်ကိုဖယ်လိုက်တော့ အမြီးတောင်မမြင်ရအောင်တန်းလစ်တော့သည်။
"ဟက် ! မိုက်ချင်ယောင်ဆောင်နေတာ"
ဘတ်ခ်ဟျွန်းအဲ့လိုပြောတော့ Chanကထောက်ခံသည်။
"Jeanကတော့ လုံးဝကိုယ့်Typeပဲ..."
"ခင်ဗျားလဲကျွန်တော့်Typeပဲ"
"ဘယ်လိုTypeလဲ"
"ပြန်မပြောနားမထောင် တဇောက်ကန်းType...ကျွန်တော်သိပ်သဘောကျတာ...ဒါပေမယ့် မိန်းကလေးတွေထဲမှာ အခုထိ အဲ့Typeရှာမရသေးဘူး"
"အပင်ပန်းမခံချင်စမ်းပါနဲ့Jean မင်းဘေးနားမှာရှိတဲ့ ကိုယ့်ကိုပဲတွဲလိုက် နောင်တမရစေရဘူး"
"ခင်ဗျားကဘာလုပ်ပေးနိုင်မှာမို့လဲ..."
"မင်းလိုချင်တာမှန်သမျှပေးနိုင်တယ်။မင်းသွားချင်တဲ့NewYorkကိုလဲလိုက်ပို့နိုင်တယ်။ငါ့အဖေရှာသမျှပိုက်ဆံတွေထိုင်ဖြဲနေလဲအဆင်ပြေတယ်"
"ကျွန်တော်လိုချင်တာပေးမယ့်Sugar Daddyမျိုးမလိုအပ်ဘူး။ကျွန်တော်စီးကရက်တစ်လိပ်ထုတ်လိုက်တာနဲ့ မီးခြစ်လိုက်ထုတ်ပြီးမီးညှိပေးမယ့် ဆိုးဖော်ဆိုးဖက်မျိုးပဲလိုတာ"
DU LIEST GERADE
Strawberries And Cigarettes
FanfictionYou are my God Of Gracious You are my Jean You are Strawberries and Cigarettes for me 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗣𝗿𝗲𝘀𝗲𝗻𝘁 𝗙𝗼𝗿 𝗔 𝗡𝗼𝗲🎁 #1.8.2021