Unicode
"ဘာလိုသေးလဲခင်ဗျ"
"ဘာမှမလိုဘူးရပြီ"
ချန်းယောလ်စကားတစ်ခွန်းမှာတင် ရှန်ပိန်လာချပေးပြီးပြန်သွားတဲ့ကောင်လေးကဘတ်ခ်ဟျွန်းအတွက်လဲဝိုင်နီလာငှဲ့ပေးခဲ့သည်။
"Jean"
ဘတ်ခ်ဟျွန်းမေးငေါ့ပြတော့ သူကဘတ်ခ်ဟျွန်းကိုပြုံးကြည့်ရင်း
" ဘယ်သွားချင်သေးလဲ "
"လကမ္ဘာ...."
ဘတ်ခ်ဟျွန်းခပ်ရွဲ့ရွဲ့ပြန်ဖြေလိုက်တော့
"ကိုယ့်ရင်ခွင်ကလကမ္ဘာထက်ပိုအေးချမ်းတယ်။တစ်သက်လုံးနေခွင့်ပြုတာမလို့လာလို့ရတယ်နော်..."
"အချစ်ဆိုတာတကယ်မရှိဘူး အချိန်တန်ရင်အရောင်ဖျော့ပြီးပျက်သုဥ်းသွားမှာ"
"လူတိုင်းကအချစ်ခံရဖို့ထိုက်တန်တယ်ဆိုတာJeanသိရဲ့လား"
"ပေးနိုင်မှပြန်ရတာပါဗျာ အလကား ချစ်တယ်ချစ်တယ်ဆိုပြီးသောက်ပိုတွေကိုစာစီပြီးပြောနေရတာဝါဿနာကိုမပါတာ။ကြားရရင်တောင်နားထဲကျက်သရေယုတ်လွန်းလို့"
"မချစ်တတ်သေးလို့ ဒါမှမဟုတ် တကယ်မချစ်ဖူးသေးလို့Jeanဒီလိုတွေပြောနေတာ တကယ်ချစ်တတ်သွားတဲ့ဆိုတဲ့လူတစ်ယောက်က သူ့ရဲ့ချစ်သူကိုချစ်တဲ့အကြောင်းတွေတဖွဖွပြောချင်တာ"
ဘတ်ခ်ဟျွန်းဝိုင်နီလေးကိုတစ်ကြိုက်တည်းမော့ချလိုက်ရင်း
"ခင်ဗျားအချစ်အကြောင်းကောင်းကောင်းသိတယ်ထင်တယ်"
ချန်းယောလ်သောက်လက်စ ရှန်ပိန်လေးကိုစားပွဲပေါ်ပြန်ချလိုက်ပြီး ဘတ်ခ်ဟျွန်းနဲ့အကြည့်ချင်းဆုံလာသည်
"အချစ်အကြောင်းကောင်းကောင်းမသိပေမယ့် မင်းအကြောင်းတွေတော့ ကိုယ့်ဦးနှောက်နဲ့နှလုံးသားထဲမှာစွဲနေအောင်မှတ်ထားပါတယ်"
ဘတ်ခ်ဟျွန်း မျက်ခုံးလေးတစ်ချက်ပင့်လိုက်ပြီး
"Chan Livara ခင်ဗျားကမလွယ်ဘူးပဲ"
ဘတ်ခ်ဟျွန်းရယ်လိုက်တော့ ကော့ညွတ်သွားတဲ့နှုတ်ခမ်းပါးကိုချန်းယောလ်စိုက်ကြည့်နေတာကိုသတိထားလိုက်မိသည်။
BINABASA MO ANG
Strawberries And Cigarettes
FanfictionYou are my God Of Gracious You are my Jean You are Strawberries and Cigarettes for me 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗣𝗿𝗲𝘀𝗲𝗻𝘁 𝗙𝗼𝗿 𝗔 𝗡𝗼𝗲🎁 #1.8.2021