.4.

288 62 38
                                    

Unicode

"ကျွန်​တော့်ကိုမမေးပဲ စီစဥ်တာဒါကဘာသဘောလဲ"

ချန်းယောလ်မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း သွေးအေးစွာဆိုလိုက်တော့

"Chan မင်းနောက်တစ်ပတ်ထဲမှာSan franciscoကိုလုပ်ငန်းရှင်အစည်းအဝေးသွားဖို့ Daddyအားလုံးစီစဥ်ထားပြီးသား။အဲ့တာကြောင့်အဲ့လိုဂျစ်ကန်ကန်တွေမလုပ်ပါနဲ့လား"

"ကျွန်တော်က တက္ကသိုလ်ကျောင်းသားဗျ။Daddy အလုပ်တွေမှာကူမလုပ်တတ်ဘူး"

"အဲ့တာကြောင့် Daddyမင်းကိုသင်ပေးနေတာပေါ့။Daddyမရှိတော့ရင်ဒါတွေက သားလုပ်ရမှာ"

ချန်းယောလ်သက်ပြင်းတစ်ချက်ချလိုက်ရင်း

"ကျွန်တော့်ဘက်က တစ်ခုပြန်တောင်းလို့ရမလား။ဒါဆို ကျွန်တော်သဘောတူမယ်"

"Chan....Daddyကသားသဘောကျအကုန်ဖြည့်ဆည်းပေးမှာပါ"

ချန်းယောလ်ဟန်ပါပါတစ်ချက်ပြုံးလိုက်တော့မှ Daddy ကစိတ်အေးသွားပုံပေါ်ပါသည်

"သားမသိတာတွေမေးဖို့နဲ့လိုတာရှိရင်ပြောလို့ရအောင်ဂျီဟွန်းကိုထည့်ပေးလိုက်မယ်"

ဂျီဟွန်းဆိုတာ ချန်းယောလ်တို့​မြေးအဘွားကိုရီးယားမှာနေထဲကကျေးဇူးရှင်အနေနဲ့ အစ်ကိုလိုပေါင်းသင်းလာတဲ့လူဖြစ်တာကြောင့် ချန်းယောလ်Parisရောက်တော့ Daddyကိုခွင့်တောင်းပြီးအနားမှာချန်းယောလ်ဘောဒီဂတ်အနေနဲ့ခေါ်ထားတာဖြစ်သည်။

ဟိုတလောကမှ သုံးလလောက် ကိုရီးယားကိုပြန်သွားပြီးအရင်တစ်ပတ်ကမှပြန်လာတဲ့အစ်ကိုဂျီဂျီကို အခုတော့ ကျွန်တော်နဲ့San franciscoကိုလိုက်သွားခိုင်းသည်။

"ဂျီဂျီနဲ့သွားရမှာလား"

"ဟုတ်တယ်"

Daddyနောက်မှာမတ်တပ်ရပ်နေတဲ့အစ်ကိုဂျီဂျီကို မျက်ခုံးလေးပင့်ပြကာပြုံးပြလိုက်သည်

-----------------------------

"ဂျီဂျီကို ပြောပြစရာရှိတယ်"

"အဲ့လိုနာမည်ကိုဂျီဂျီလို့မခေါ်စမ်းပါနဲ့ကွာ အစ်ကိုဂျီဟွန်းဆိုအစ်ကိုဂျီဟွန်းပေါ့ ဘာလဲ ဂျီဂျီ"

Strawberries And CigarettesOpowieści tętniące życiem. Odkryj je teraz