မင်း ကျေနပ်တယ်မလား....တဲ့
ဝန်ခံရမယ်ဆိုရင် ..ဟုတ်တယ် ကျေနပ်ပါတယ်..
Baekhyunသူ့ဘေးနားမှာတစ်ချိန်လုံးရှိနေ
တတ်တာလေးကိုလဲ ကျေနပ်တယ်..သူ စကားတစ်ခွန်း ဟလိုက်တာနဲ့ အဲ့ဒီစကားအ
တိုင်းတစ်သွေမတိမ်းလိုက်နာ တတ်တာလေးကို
လဲကျေနပ်တယ်...သူ့ အတွက်ဆို တစ်ချက်လေးမှမညည်းမညူဖူးပဲ
လုပ်ပေးပါ လို့ပြောလိုက်တာနဲ့ ဘာလေးကိုမဆို
လုပ်ပေးတတ်တဲ့ သေးသေးမွှားမွှားလေးကအစ
ကိုလဲ ကျေနပ်တယ်...သူ ပဲ အတ္တကြီးတတ်ခဲ့တာလားမသိပါဘူး..
baekhyunဆိုတာ ဘယ်တော့မှသူ့ဘေးက
ထွက်သွားမယ့်သူမဟုတ်ဘူးလို့ သူယုံကြည်သည်လေ...ခုလဲကြည့်..ဟိုဘက်မိန်းကလေးတွေဝိုင်းကိုထ
သွားပြီး ဘာတွေအဆင်ပြေအောင်လုပ်ပေးနေသည်လည်းမသိ...အစ်အောက်မေးခံနေရပုံရသော အခြေအနေနဲ့
မျက်နှာငယ်ငယ်လေးက chanyeolကိုတစ်ချက်
တစ်ချက် လှည့်ကြည့်လာသေးသည်။ခဏကြာတော့ မိန်းကလေးတွေ chanyeol
ဘက်ကို လှည့်ကြည့်လာကြပြီး အနီရဲရဲနဲ့ကောင်မလေးက တစ်ချက်ပြုံးကာ
baekhyunကို ကဒ်ပြားလေးတစ်ကဒ်ထုပ်ပေး
လိုက်တာတွေ့ရသည်။အဲ့ ဒီကောင်မလေးကိုလေ..မျက်နာကိုသေသေချာချာမကြည့်ရသေးဘူးဆိုရင် ယုံကြမှာလား..
တကယ်ပါ...ဒီဆိုင်ထဲစရောက်ကတည်း က အနီ
ရောင်နဲ့ ထင်းနေသူမို့ baekhyun ကို မြင်ရာ
မိန်းကလေး လက်ညိုးထိုးပြီး လုပ်ထုံးလုပ်နည်း
တွေအတိုင်းခိုင်းလိုက်မိတာ...ဘာရယ်မဟုတ်ဘူး...chanyeol တစ်ခုခုခိုင်းလိုက်တဲ့အခါတိုင်း သူမလုပ်ချင်ရင်တောင် မင်းကျေနပ်မှာလားလို့မေးပြီး လုပ်ပေးရှာတဲ့ သူ့ ရဲ့ အပြုအမူလေးကို chanyeol သဘောကျသည်လေ...
မိန်းကလေးတွေဝိုင်းမှာ ထိုင်ပြီး ဖုန်းနံပါတ်တောင်းနေတဲ့ တစ်လျှောက်လုံးလဲ chanyeolကြည့်နေမိတာက baekhyunကိုပါပဲ....
ခဏအကြာမှာ baekhyunသူ့ဆီ ပြန်လာကာ
စားပွဲဝိုင်းပေါ်ကဒ်ပြားလေးလာတင်ပေးသည်။
YOU ARE READING
"SAKURA "(Complete)
Fanfictionဆာကူရာ ကလျှိူ့ဝှက်တယ်....🌸🌸 ဆာကူရာ ကလျှို့ဝှက်တယ်....🌸🌸