အရှိန်နဲ့တွန်းလှဲခံလိုက်ရတာကြောင့် လန့်ဖျပ်ပြီးကြမ်းပြင်ပေါ်လက်နဲ့ထောက်လိုက်ရာ လူရဲ့
အလေးချိန်တစ်ခုလုံး လက်တစ်ချောင်းထဲပေါ်မှာစုပြုံကျရောက်သွားတာကြောင့် ဘယ်ဘက်လက်တစ်ချောင်းလုံးနာကျင်စွာအောင့်မျက်သွားရသည်။တဆစ်ဆစ်ကိုက်ခဲမူနှင့်အတူ အောင့်သွားပြီးမှခံ
စားမူကလက်ကောက်ဝတ်မှာကျန်ရစ်သည်။ညာဘက်လက်နှင့် ဘယ်ဘက်လက်ကောက်ဝတ်
ကိုဆုပ်ကိုင်ပြီး chanyeol ကိုမော့ကြည့်လိုက်မိ
ရာ chanyeolက ခါးကြီးထောက်ပြီးbaekhyunကိုကျောပေးရပ်နေလေသည်။ငါ ဘာဖြစ်သွားလဲမင်း မသိဘူးပဲ ..ငါ့ကို မင်း
လှည့်မကြည့်ခဲ့ဘူးပဲ.."တောက် ..!"
ပြင်းထန်လှတဲ့ တောက် ခေါက်သံ တစ်ချက်ကြောင့်baekhyun ပုခုံးတွေတောင် ဆတ်ခနဲ တစ်ချက်တုန်သွားသည်။
ဒါပေမဲ့ chanyeol၏မပြတ်မသား လုပ်ခဲ့သည့်
ကိစ္စတစ်ခုကို မေးမှကိုဖြစ်ပေမည်။ဝန်ခံပါသည်။
အခုန Jongdaeဆိုသည့်လူရဲ့ ရှေ့မှာbaekhyun၏ ခန္ဓာကိုယ် သေးသေး
လေးကို မြုပ်နေပေးအာင် ဖတ်ထားခဲ့ကာ သူကြွေးကြော်ခဲ့သည့် စကားများအတွက် baekhyunရင်ဘတ်ထဲမှာသေလောက်အောင်ပျော်နေခဲ့သည်ဆိုတာကို ...ငါ ပိုင်ဆိုင်သည် တဲ့ ...ချစ်တယ် လို့ မပြောဘဲ
ပိုင်ဆိုင်သည် ဆိုသည့်စကားတစ်ခွန်းက သူ့ရင်ကို
အဆမတန်လှုပ်ခတ်သွားစေသည်။ဒါပေမဲ့..လိုချင်တာ..ဒီလိုကြမ်းတမ်းလွန်းတဲ့ အရာမဟုတ် ...
"chanyeol..မင်း မင်း ခုနက ပြောတဲ့စကား
တွေက တ တကယ်လားဟင် chanyeol ...!"အသံတွေတောင် တုန်ခါနေပါလား...
baekhyunကိုလှည့်ကြည့်လိုက်တော့ ကြမ်းပြင်
ပေါ်မှာတင် ငုတ်တုတ်လေးရှိနေပြီးသူ့ကိုမော့
ကြည့်နေရှာသည်။baekhyunရယ် ..မင်း ကဘာလို့ဒီလောက်အ
ပြစ်ကင်းနေရတာလဲ ...ဘာမှမသိနားမလည်ဘဲနဲ့
ဖြုစင် တဲ့မင်း လိုလူကို တစ်နေ့ငါပဲ ပိုင်ရမယ်လို့
ထင်ထားခဲ့တာ ငါမှားပြီထင်တယ်...