ခေါင်းတစ်ခုလုံးစားပွဲပေါ် ငိုက်စိုက်ကျနေတာ
တောင် လက်က ပုလင်းကိုမလွှတ်တမ်းဆုပ်ကိုင်
ထားမိဆဲ..ခေါင်းတစ်ခုလုံး ချချာလည်ထွက်နေတာတောင်
အသိစိတ်က မခံချင်စိတ်ကို နိူးဆွနေဆဲ..အဟက်..ဘာလဲ ငါက chanyeolအာသာဖြေဖို့
အတွဲခံထားရတဲ့ လူတစ်ယောက်လား..ငါ့ကိုcover အဖြစ်တွဲပြီး သူက နောက်ကွယ်မှာ
yuri နဲ့ တွဲနေခဲ့ကြတာပေါ့..လိမ်တယ်..နှစ်ယောက်ပေါင်းပြီး လိမ်ရက်ကြတယ်..လူကြား
ထဲမှာ အရှက်ခွဲကြတယ်..ယောင်္ကျားလေးတန်မဲ့ ယောင်္ကျားလေးတစ်ယောက်ကို အရှူးအမူးချစ်နေရကောင်းလားဆိုပြီး ကစားဝိုင်းထဲမှာ ထည့်အဆော့ခံလိုက်ရသလိုပဲ ..
မုန်းတယ်..အရာအားလုံးကိုမုန်းတယ်..
"တောက်..!"
ဒီ အသိစိတ်တွေအားလုံးကိုမေ့ချင်နေပါတယ်ဆိုမှဘာလို့ ဒါကြီးကိုပဲ သတိတရ တွေးနေမိတာလဲ.
မူးရမယ်..မူးသွားလို့ရှိရင် ဒါတွေအားလုံးကိုမေ့
နိူင်သွားမှာပေါ့..ဟုတ်တယ်..မူးမှဖြစ်မယ်..ရှိနေသေးလား မရှိတော့ဘူးလား မသဲကွဲတော့
သော ပုလင်းကို မော့ရန် စားပွဲပေါ်က ခေါင်းပြန်
ထောင်လာပြီး ပုလင်းဝကိုနှုတ်ခမ်းဝကို တေ့တော့တစ်စုံတစ်ယောက်က လက်ကိုလာဆွဲထားတာကြောင့် ပုလင်းထဲက အရည်တွေက ရင်ဘတ်ပေါ်ဖိတ်ကျကုန်သည်။ဖိတ်ကျနေမှန်းသိပေမယ့် မရှောင်ရှားပစ်နိူင်လောက်အောင် တစ်ကိုယ်လုံးက
လေးလံနေလျက်ရှိသည်။ဒါကိုပဲ တစ်စုံတစ်ယောက်က အလျင်အမြန်ပုလင်းကိုဆွဲယူလိုက်ပုံရသည်။ ဒါလဲ မသိ..
"တော်တော့ကွာ..မင်း ဘယ်လောက်ထိသောက်
နေဦးမှာလဲ..သောက်ဖူးတာလဲ မဟုတ်ဘဲနဲ့..တော်
တော့ ပြန်ရအောင်..!""ဘယ်သူက...လာ..ပြီး..အမိန့်ပေး..နေတာလဲ
လို့... မသိဘူး..ငါသောက်ချင်သေးတယ်..ပြန်
ပေး..ပြန်ပေးလို့ ..!""ကျစ် ..!"
Jongin စုပ်တစ်ချက်သပ်မိကာ..အရှေ့က
ကောင်သေးလေးကို တစ်ချက်ကြည့်မိသည်။
YOU ARE READING
"SAKURA "(Complete)
Fanfictionဆာကူရာ ကလျှိူ့ဝှက်တယ်....🌸🌸 ဆာကူရာ ကလျှို့ဝှက်တယ်....🌸🌸