11

762 104 2
                                    


"မလိုက်ဘူး မလိုက်ဘူး..လာမခေါ်နဲ့ဘယ်မှမ
လိုက်ဘူး"

အိပ်ခန်းတစ်ခုလုံး ဖမ်းမရအောင်ပတ်ပြေးနေပါ
သောbaekhyunကိုလိုက်ဖမ်းရသည်မှာchanyeolတစ်ယောက်ဖတ်ဖတ်မောကာ အသက်ပါထွက်ချင်လာသည်။

ဘယ်လိုမိအောင်ဖမ်းရမည်နည်း..ကိုယ့်မှာ ဆိုဒ်
ပြည့်ဂိုဒ်ပြည့် ဝတ်စားပြင်ဆင်လာခဲ့ပြီးမှ သူ့ ကို
လိုက်ဖမ်းရသည်မှာ ရှိုးတွေလည်း ပဲ့ကုန်ပြီထင်..

"မင်း မပါဘဲ ဘယ်လိုသွားရမလဲကွ..ပြေးနေတာ
ကိုရပ်ပြီး ငါ့နားလာခဲ့ ..!"

"မလာဘူး..အစကတည်းက မလိုက်ချင်ပါဘူး
လို့ပြောထားခဲ့ပြီးပြီပဲ..ဘာလို့ အတင်းလိုက်ခိုင်းစေချင်နေရတာလဲ..မင်းကိုလည်း ဘယ်သူကသွားခိုင်းနေလို့လဲ မနေနိူင် မထိုင်နိူင်နဲ့
မင်းဟာမင်းသွားချင်နေတာသွားပါလား တစ်ယောက်တည်း.."

"byun baekhyun..ငါကများ မနေနိူင်မထိုင်
နိူင်သွားချင်တယ် ဖြစ်ရသေးတယ်..တစ်ခန်းလုံးလိုလိုလဲသွားကြမှာပဲ..ဆရာ ဆရာမတွေလဲပါမှာ..ပြီးတော့ တစ်ခြားအခန်းက လူတွေလဲအများကြီးလာကြမှာ..သူကိုယ်တိုင်လာဖိတ်ထားပြီးမှ မသွားဘူးဆိုကောင်းမလား လူမူရေးကရှိသေးတယ်.."

"တွေ့လား တွေ့လား သူနဲ့ပက်သက်ပြီး မင်း ငါ့
ကိုအော်နေပြီ..ငါ့ ကိုမင်း ဆူနေပြီ....အဟင့်..ဟင့်"

"ဟော.."

ငုတ်တုတ်လေးထိုင်ချလိုက်ပြီး ငိုနေပြန်သည်။

သူငုတ်တုတ်ထိုင်တုန်း အခွင့်အရေးကို လက်လွှတ်မခံ..baekhyun ကိုယ်လေးကို ဇွတ်ပွေ့ချီလိုက်ကာ ကုတင်ပေါ်ပစ်တင်သည်။

ခြေထောက်တွေရော လက်တွေပါ ငြိမ်ငြိမ်မနေ ရုန်းကန်နေသော..baekhyunကို တစ်ကိုယ်လုံး
နှင့် ဖျချပစ်လိုက်ကာ..

"မင်း မလိုက်လို့မရဘူး..မင်း လိုက်ကို လိုက်ရ
မယ်.."

"အမေရေ..ဒီမှာ chanyeolသား ကိုမတရား
အနိူင်ကျင့်နေတယ်လို့..."

"မင်း ကိုငါ ဘာလုပ်ရသေးလို့လဲ..အော်မနေနဲ့
အသံပြဲနဲ့ ..!"

"မလုပ်ရသေးပေမယ့် ခုလုပ်တော့မှာလေ..ဖယ်
ငါ့ပေါ်က လေးလိုက်တာ ဆိုကွာ..!"

"SAKURA "(Complete)Where stories live. Discover now