7

795 111 10
                                    


   ကယောင်ကတမ်းနဲ့ မျက်နှာကိုငုံ့ချလိုက်တော့
ဆံပင်ပျော့ပျော့လေးတွေက ဝဲ ခနဲ ဖြာကျလို့သွားသည်။ နဖူးပေါ်အုပ်မိုးနေတဲ့ ဆံပင်လေးတွေကိုသပ်တင်ပေးချင်တဲ့စိတ်လေးကို ချုပ်တီးလို့ထားရတာမလွယ်လှ..

  ကိုယ့်ရှေ့မှာ ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ဒီကောင်လေးသေးသေးလေးကို ချစ်လိုက်တာလေ

ရင်ထဲမှာ တဒုန်းဒုန်းမြည်နေတဲ့ ဒီရင်ခုန်သံလေး
ကိုဘယ်လိုမှတားမရ ဆီးမရ..

"ကိုယ် တကယ်ပြောနေတာပါ baekhyunမင်း
ကိုလေ စတွေ့တွေ့ချင်းကတည်းက စိတ်ဝင်စား
ခဲ့တာ..ကိုယ် မင်းကို ဒုတိယအကြိမ် တွေ့မိတဲ့အ
ကြိမ်မှာပဲ ကိုယ်မင်းကိုချစ်နေမိပြီ ဆိုတာသေချာ
ခဲ့တာ..."

baekhyun ခေါင်းကို ငုံ့ထားဆဲ...

"တစ်ခဏလေးတွေ့ပြီးမှ ဗြုန်းစားကြီးထချစ်တဲ့
အချစ်လို့တော့ မထင်နဲ့နော်..ကိုယ် မင်း ကိုတကယ်မြတ်မြတ်နိုးနိုးနဲ့ချစ်နေတာ..ကိုယ်စောင့်
ပါ့မယ်..မင်းဆီက အဖြေရဖို့ကို..အတင်းအကြပ်
မတိုက်တွန်းပါဘူး..မင်း စိတ်ညစ်နေလိမ့်မယ်..
baekhyun ခေါင်းမော့ဦးလေ..."

JongInက စားပွဲနဲ့ထိလုနီးနီးငုံ့ထားတဲ့ သူ့
မျက်နာလေးကို မြင်ရလိုမြင်ရငှား အတင်းလိုက်ငုံ့ကြည့်သည်။

ရှောင်လွှဲလို့မရတော့ baekhyunတစ်ယောက်
သူ့မျက်နာနုနုလေးနှစ်ဖက်ကို လက်ချောင်းရှည်
ရှည်သွယ်သွယ်လးတွေနဲ့ အုပ်ကာ..

"သူများကရှက်လို့ပါဆို..ဘာလို့ အတင်းလိုက်ငုံ့
ကြည့်ချင်နေတာတုန်းလို့..."

ထိုင်နေရင်းခြေလေးနှစ်ဖက်ဆောင့်ပြီး ထအော်
တော့ Jonginက သဘောကျစွာ တဟားဟား
အော်ရယ်သည်။

ကြည့်ပါဦး..စိုက်ပျိုးရေးခြံက စတော်ဘယ်ရီခင်း
လေးက baekhyunမျက်နာနှစ်ဖက်ပေါ်များနေ
ရာပြောင်း၍ ရောက်ရှိလာလေသလား..

ရဲရဲတွတ်လေး ဖြစ်နေသော ပါးနှစ်ဖက်ကို သူ အုပ်ကိုင်ထားတာတောင် သူဘယ်လောက်ရှက်နေတာမှန်းသိသာလွန်းသည်။

"မင်း ကိုချစ်တာ အဲ့ဒါတွေပဲ..အသဲယားအောင်
အရမ်းနေတတ်တာပဲ မင်း က.."

"SAKURA "(Complete)Where stories live. Discover now