"လီဆာ တို့ကို ဒါလေးယူပေးနိုင်မလား
"ပန်းကန်စဉ်ဟာ ကျမလက်ရဲ့
ခေါင်းတစ်လုံးလောက်ပိုမြင့်တယ် ခုံသွားယူရမှာပျက်းတာနဲ့ အနီးမှာ မုန့်စားနေတဲ့လီဆာကိုဖဲ အကူညီတောင်းလိုက်တယ်။
ကျမရှောင်ပေးသည်ထိ မစောင့်ဖဲ ကျမ ပုခုံးကို ကိုင်ပီး စဉ်ထဲက နို့ဆီဗူး ကို ယူပေးမယ်"ပဲတောင့်ရှည်စားနော် အပုလေး
"အမယ် လာလီဆာ ကျမ က ရှင့်ထက်အကြီးပါနော်
"အသက်ကြီးလဲ ကလေးသာသာပါကွာ
ကျမ ဒီမှာနေတာ တစ်ပတ်ပြည့်ပီ ။ သိလာရတာတေ့ာ လီဆာက ကြောင်ကို သိပ်ချစ်တာဖဲ ။ ပြန်ရောက်ရင် လာကြိုတဲ့ဖက်တီးကလဲ သူမှသူ။ကျမဆို ဗိုက်ဆာချိန်လောက်ဖဲ ကပ်တာ။
လီဆာ က အချိန်ပိုင်း အလုပ် လုပ်ပီး ပိုက်ဆံရှာကျောင်းတက်တယ်တဲ့ ။ချီးကျူးစရာဖဲ။
ဝါသနာ အရ ပုံရိုက်ဖို့ ကင်မရာကို ရောင်းမလို့ ဆိုလို့ ကျမ ၀ယ်ထားတယ်။ သူဘယ်လောက်မြတ်နိုးလဲ သူ့ဓာတ်ပုံကိုကြည့်ရင် သိနိုင်ပါတယ်။"ဂျန် လီလီ ဓာတ်ပုံရိုက်ပေးလို့ရလား
"ဒီနေ့ လှတယ်ထင်လို့လား
"ဟင့်အင် ကင်မရာကိုင်ချင်လို့ပါ
"ဪ ကိုယ် လှတယ်လို့ပြောမှ ရိုက်ချင်စိတ်ဖြစ်မှာပေါ့
"ဟားမပြောနိုင်ပါဖူး
"ကဲပါ ရိုက်မယ်လေ
ဟူဒီ အပြာကို ဂျင်းဘောင်းဘီနဲ့တွဲ၀တ်ပီး ဆံပင်ကို စည်းနှောင်ထားတဲ့ကျမကို စိတ်ရှည်ရှည်နဲ့ရိုက်ပေးတယ်။ ပြောလို့ပြောတာ မဟုပ်ဖူး ဒီကောင်မလေး ရိုက်ပေးတဲ့ပုံဆို အရမ်းသဘောကျရတာ။။။
။။။။။။။
"လီဆာ နင် အခုတလော ဘာလုပ်နေလဲ
"ဘာလို့လဲ ချယ် မမေးစဖူး
"နင် ငါတို့ဆိုင်မလာတာ နည်းနည်း ကြာနေလို့လေ
"ကော်ဖီဖိုးမရှိလို့
"ဟယ် အလကားလာသောက်ပါဟဲ့ ငါမယူဖူးပြောသားဖဲ
"နောက်တာ ငါအချိန်ပိုင်း အလုပ်ရှာနေတာ နင်သိတဲ့တိုင်း ကျောင်းကလဲ စရိတ်ကကြီးတယ်လေ နောက်ဆုံးနှစ်ဆိုတေ့ာ ပိုကုန်တယ်။