💭#၁၈

2.8K 190 2
                                    

ဖြေရှင်းသင့်တယ်။ လီဆာ က ကျမကို အထင်လွဲနေတဲ့ကိစ္စ ။။

"Opa လီလီကိစ္စ ဘယ်လိုဖြစ်တာလဲ တယောက်မှ ဖြေရှင်းချက်မပေးတာဘာသဘောလဲ

"ဂျိန်း မော်ဒယ်တစ်ယောက်ကို စာချုပ်ပီးရင်စွန့်လွှတ်ရတာ အဆန်းမှမဟုပ်ဖဲ သာတဲ့နောက် သူတို့က လိုက်သွားမှာဖဲ ပူမနေနဲ့

"စကားကို ဆင်ခြင်ပါ လီလီက ကျမကို အ့ာလိုလုပ်စရာအကြောင်းမရှိဖူး သူက ဘာလို့ အ့ာလူနဲ့ စာချုပ်ရတာလဲ

"ကိုယ်လဲ အ့ာတာဖဲပြောတာ ဘယ်လို အဆက်သွယ်တွေရှိနေမှန်းမှမသိတာ ဂျိန်း နဲ့ စာချုပ်ဖို့ သွားပြောမယ်ဆိုမယ် လုပ်ကျပီးမှ ဆိုတေ့ာ ဂျိန်းကိုမယုံလို့နေမှာပေါ့

"မဖြစ်နိုင်တာ

"အ့ာတာဆို ဂျိန်းဖဲပြောစမ်းပါ သူနဲ့ ရှိုးပွဲမှာ တခါလေးတွေ့ဖူးတာကို သုံးနှစ်တောင် စာချုပ်လိုက်ရတဲ့ကိစ္စ။

"....

"ဂျိန်း မသိအောင် ထားတဲ့ သူ့ကိစ္စတွေလဲ ရှိမှာဖဲ ။အလုံးစုံသိနေတာထင်မနေနဲ့။ တမင် ဂျိန်း မလာဖြစ်တာကို အခွင့်ကောင်းယူသွားတာဆိုရင်ရော

။။။။။။(လီလီ က ကျမ မသိအောင် အ့ာလူနဲ့အဆက်သွယ်ရှိတာလား။ဒါကြောင့် ကျမကို အ့ာလူက ပရောဂျက်ကိစ္စပြောတေ့ာ
ရဲရဲတင်းတင်းကြီး တောင်းဆိုလိုက်တာလား။)
။။
နောက်ပိုင်းမှာ ဆုံဖြစ်ပေမဲ့ ကျမ လီလီကို စကားသွားမပြောဖြစ်တေ့ာဖူး။ ဂရုစိုက်ဖြစ်ပေမဲ့ တကူးတက မလုပ်တေ့ာဖူး။ လီလီက ကိုယ့်ရင်ကိုကန်ရတာ အကောင်းဆုံးဖြစ်မှာလို့ တွေးနေတဲ့ပုံ။
။။
နှစ်ချီကြာ ပီးမှ အပြင်မှာ လာဆုံတဲ့ ကလေးမလေး sold out queen 😎အခုဆို နှစ်နှစ်ကျော်လောက်ရှိရောပေါ့။ အောင်မြင်မှုတွေဟာ ဘယ်လောက်တောင်လဲ ဆို ကလေးက အစ လာလီဆာဆိုပီး လမ်းမှာမြင်တာနဲ့သိတဲ့အထိ။အကကို ကွမ်းကျင်ပိုင်နိုင်တာကြောင့် dancerလဲလုပ်နေတယ်။အဆီပိုမရှိတဲ့လီလီ ခန္ဓာကိုယ်ဟာ ပြည့်စုံလွန်းတာထက်ပိုတယ်။။

လူကြီးမင်း တစ်ယောက်ရဲ့Dinner မှာ လီလီဟာ ပန်းလေးလို တကယ်လှတယ် ။ ကျော့ရှင်းနေတဲ့ လည်တိုင်ကို စိန်ထည် တစ်ခုနဲ့အလှဆင်ထားတယ်။လီလီက အကြီးကြီးတွေထက်စာရင် အလတ်ကြိုးကိုသာသဘောကျလေ့ရှိတယ်။ ရင်ပြတ်အင်္ကျီရှည်ဂါ၀န့်အတွန့် အမဲ နဲ့ ဆွဲဆောင်မှုရှိတဲ့ အရပ်ဟာ အထင်းသား။ ဆွဲမက်ဖွယ် နူတ်ခမ်းကို အရောင်တင်မှု နဲ့ မျက်လုံးအလှဆင်မှုက လိုက်ဖက်ညီတယ်။လည်တိုင်ရဲ့ အပေါ်က မှဲ့နက်လေးဟာထင်းနေရော။ လီလီ အနားမှာမရှိထဲက ကိုယ့်ကို ကိုယ်ဂရုမစိုက်မိတာ ပြန်တွေးမိတေ့ာ ရယ်ရသား။

SugarbooWhere stories live. Discover now