Uni
မမက တကယ်ပဲစကားအတိုင်း ကြာပွတ်တစ်ချောင်းနဲ့ ရေချိုးခန်းထဲပြန်ဝင်လာတယ် ပင့်ကီလည်း ကျရောက်လာမဲ့နာကျင်မှုကို ခံယူဖို့မျက်လုံးကိုစုံမှိတ်ထားပြီး စောင့်မျှော်နေတယ် မကြာပါဘူး ပင့်ကီရဲ့မကျက်သေးတဲ့ဒဏ်ရာတွေပေါ် ထပ်မံကျရောက်လာတဲ့ ကြာပွတ်ချက်တွေ နာကျင်တာပေါ့ ဒါမဲ့သေဆုံးလုနီးပါးဖြစ်နေတဲ့ ပင့်ကီနှလုံးသားကပိုနာကျင်တယ် ပိုနာကျင်တယ်တဲ့လား ဟက် ပင့်ကီကအဲ့လိုပြောဖို့ကိုမထိုက်တန်တဲ့မိန်းမတစ်ယောက်မို့ နာကျင်မှုတွေကို အံကြိတ်ခံရင်း အမှောင်ကမ္ဘာထဲ ခေတ္တခဏ ရောက်သွားတော့တယ်
Flash back<>
'Babyရေ မမ ပြန်လာပြီ'
'မမ ပြန်လာပြီလား Babyကလွမ်းနေတာ'
'အမလေး မမရဲ့အိမ်ထောင်ရှင်မလေးက ချွဲနေတာလား'
'ဟွန့်..မမကလည်း တကယ်လွမ်းလို့ဟာ'
'ဟားဟား ဟုတ်ပါပြီရှင် မမက Babyဘယ်လိုနေနေချစ်နေတာပဲဟာ ပြွတ်စ်'
ရိမ်းကပြောရင်းဆိုရင် ဆူပုတ်နေတဲ့နှုတ်ခမ်းလေးကို ဆွဲနမ်းလိုက်တော့ ပြုံးဖြီးသွားတဲ့ Babyကိုကြည့်ရင်း အမောပြေရပါတယ်
'ဟီး ဟုတ် ဒါနဲ့မမ'
'အင်း ပြောလေBaby'
'ခုမမက တော်တော်အောင်မြင်နေပြီနော် Babyကိုလည်းတင့်တောင်းတင့်တယ်ထားနိုင်ပြီ Babyလိုအပ်တာမှန်သမျှလည်း ဝယ်ပေးနိုင်ပြီ Babyကိုလည်းအများကြီးချစ်ပေးနိုင်...'
'ဟိုး....နောက်ဆုံးတစ်ချက်ကိုပယ်လိုက်ပါ Babyကို မမကအရင်ကတည်းက အများကြီးချစ်ပေးတာပါနော်'
'ဟုတ်ပါပြီ ဟုတ်ပါပြီ'
'ဒါမဲ့Baby မမတောင်းပန်ပါတယ်နော်'
'ဘာလို့လဲ'
'Babyကို မမတို့အိမ်ထောင်သက်တမ်း2နှစ်ကြာမှ တင့်တောင်းတင့်တယ်ထားပေးနိုင်လို့'
'အာ...မဟုတ်တာ မမကလည်း Babyကသာတောင်းပန်ရမှာ Babyကြောင့်သာမဟုတ်ရင် မမမိဘတွေက မမကိုအမွေဖြတ်စွန့်လွှတ်ခဲ့မှာမဟုတ်ဘူးလေ အဲ့တော့Babyကပဲ...'
YOU ARE READING
For My Mistake(complete)