(8)

8.1K 321 0
                                    

Uni

'ဒတ်ခ်ျ.....!!!!! မင်းဘာကိုပြောချင်တာလဲ ဟမ်'

'ဟုတ်တယ် မေမေ ကျနော်သူ့ကိုချစ်တယ် မေမေ့ဘက်ကပင့်ကီကို အဲ့လိုလုပ်ပေးရင် သားဘာလုပ်လုပ်လိုက်‌ရောပေးမယ်ဆိုပြီး....'

'တိတ်စမ်း..!!!! ငါတို့မိသားစုကို မျိုးစက်ပျက်သုဉ်းစေချင်တာလား ဒတ်ခ်ျ သူကယောက်ျားလေးဟဲ့ '

'အဲ့တော့ ဘာဖြစ်လဲ ရိမ်းတို့တောင်မှ....'

'အဲ့ကောင်မနာမည်ကိုမပြောနဲ့'

'ဘာဖြစ်လို့လဲ မေမေ ဘာလို့ရိမ်းကိုမုန်းနေရတာလဲ ရိမ်းကမေမေ့ကို အရင်ကအရမ်းချစ်ခဲ့တာလေ'

'အေး သူကငါ့ကိုချစ်ပင်မဲ့ ငါသူ့ကိုမချစ်ဘူး ဘာလို့လဲသိလား သူက....သူက....ငါ့သမီးအရင်းမို့ဟဲ့....!!!!!'

'ဗျာ.....!!!!!!'

John ခေါ် ဒတ်ခ်ျ လုံးဝလုံးဝကို အံ့အားသင့်ခဲ့ပါတယ် ရိမ်းကသူ့မေမေချူးရဲ့သမီးဆို ဘာလို့များ မေမေကရိမ်းကို

'ငါဘာလို့သူ့ကိုမုန်းနေလဲ သိချင်လား ရိမ်းကငါ့ဘဝကိုဖျက်ဆီးခဲ့တဲ့ဂြိုဟ်ဆိုးမ ငါ..ငါ့ချစ်သူနဲ့ လူငယ်သဘာဝချစ်ကြိုက်ပြီး ရိမ်းကိုကိုယ်ဝန်ရခဲ့တယ် ဒါမဲ့ သူ..သူက ငါ့ကိုတာဝန်မယူပဲ ထွက်ပြေးခဲ့တယ် ငါ့မှာဗိုက်တစ်လုံးနဲ့ လူပုံလယ်မှာ အရှက်ကွဲခဲ့ရတယ် အာ့ကြောင့် ငါ့ရဲ့မွေးရပ်မြေ‌မန္တလေးကိုစွန့်ခွာပြီး ရန်ကုန်ကိုပြောင်းရွှေ့ခဲ့တယ် ငါရန်ကုန်မှာ သူ့ကိုတိတ်တိတ်လေးမွေးပြီး စွန့်ပစ်ခဲ့တယ် မရည်ရွယ်ပါပဲ အစ်ကိုရန်းက သူ့ကိုတွေ့ပြီးမွေးစားလိုက်တယ် အကိုရန်းရဲ့မိန်းမကကိုယ်ဝန်မဆောင်နိုင်တာကြောင့် နှစ်ဦးသဘောတူ သူတို့ရိမ်းကိုမွေးစားခဲ့ကြတယ် ငါကတော့ ရန်ကုန်သားတစ်ယောက်နဲ့ရခဲ့တယ် သူ့နာမည်က ဝဏ္ဏတဲ့ ကိုဝဏ္ဏက နယ်လှည့်ပြီးအလုပ်လုပ်ရတဲ့ ဈေးရောင်းသမား အစကတော့ ငါတို့အဆင်ပြေကြပင်မဲ့ သူမန်းလေးရောက်ပြီး ငါ့အကြောင်းတွေအကုန်သိခဲ့တယ် ပြီးတော့ ငါ့ကိုစွန့်ပစ်ခဲ့တယ် ငါဘဝကြီးပျက်စီးခဲ့တယ် နောက်တော့ ငါရိမ်းအကြောင်း စုံစမ်းခဲ့တယ် ကံကောင်းချင်တော့ အစ်ကိုရန်းရဲ့ဇနီးကဆုံးသွားခဲ့ပြီ ရိမ်းကတော့ ၁နှစ်ခွဲသာသာလောက်ရှိသေးတာ ငါလည်း အစ်ကိုရန်းကိုမြူဆွယ်ပြီး လက်ထပ်ခဲ့တယ် နောက်ပြီး နင့်ကိုမွေးတယ် ငါ့ဘဝက..သူ့...သူ့ကြောင့်...ပျက်ဆီးခဲ့တာ'

For My Mistake(complete)Where stories live. Discover now