(4)

12.2K 558 3
                                        

Uni

'ဟင့်အင့်....မဟုတ်ဘူး...Baby...!!! Baby...!!!'

'ဟင်...မမ...အာ့....ဘာဖြစ်တာလဲ...'

မနေ့က ရိမ်း ပင့်ကီကိုဆန်ပြုတ်တိုက်ပြီး ရေပတ်တိုက်ပေးပြီးတော့မှ ကုတင်ပေါ်တက်ပြီး ပင့်ကီနားမှာ ခဏမှေးနေရင်းအိပ်ပျော်သွားတာ ညလည်ရောက်မှ ရိမ်းကထအော်လို့ ပင့်ကီလန့်နိုးပြီး ထထိုင်မိလိုက်တာ နာသွားပင်မဲ့ ရိမ်းကိုပိုစိတ်ပူနေတာမို့ ရိမ်းကိုသာအာရုံစိုက်မိနေတယ်

'Baby....Babyဘာမှမဖြစ်ဘူးနော်'

'Babyဘာမှမဖြစ်ပါဘူး မမရဲ့ ဘာဖြစ်လို့လဲ အိပ်မက်မက်လို့လား'

'အင်း...အိပ်မက်ထဲမှာ Babyကမမနှိပ်စက်တာကို မခံနိုင်လို့..ဟင့်...မခံနိုင်လို့ဆိုပြီး...ဟင့်....ဓါးနဲ့ကိုယ့်ဘာသာထိုးပြီး သတ်သေသွားတာ...ဟင့်...Babyအဲ့လိုမလုပ်ဘူးမလားဟင် မမ‌ကိုပြောပါ မလုပ်ဘူးမလား ဟင်..'

'ပေါက်ပေါက်ရှာရှာ မမရယ် Babyကအဲ့လိုလွယ်လွယ်နဲ့အရှုံးမပေးတတ်ပါဘူး မမအချစ်ကိုရအောင်ထပ်ကြိုးစားဦးမှာ မမခု Babyကိုစိတ်ပူတယ်မလားဟင် Babyကို ချစ်သေးတယ်မလားဟင် မမ...မမလို့'

'ဟုတ်တယ် ငါချစ်တယ် မင်းကိုငါချစ်ခဲ့တယ် ခုထိလည်းချစ်နေတုန်း ဒါမဲ့မင်းရဲ့လုပ်ရပ်ကငါ့ကိုခြောက်လှန့်နေတုန်းပဲ ပင့်ကီ ငါ...ငါကြောက်တယ် မင်းကိုထပ်ပြီးချစ်ပေးဖို့ကိုငါကြောက်နေတယ် ပင့်ကီ ငါ...ငါ....ဟင့်...'

'မမ..ဟင့်...Babyတောင်းပန်ပါတယ်...ဟင့်...Babyလုပ်ရပ်ကြောင့် မမအဲ့လောက်ထိခံစားသွားရတယ်...ဟင့်...Babyမရည်ရွယ်ပါဘူး...ဟင့်..ဒါမဲ့Babyကိုယုံပါ Babyအဲ့နေ့တုန်းက သူ့ကိုလက်မခံခဲ့ပါဘူး..ဟင့်...ဒါမဲ့Babyစိတ်ကို တစ်ယောက်ယောက်က...ဟင့်...ထိန်းချုပ်သွားသလိုမျိုးဖြစ်သွားခဲ့တာ..ဟင့်.. Babyကလေ မမ တစ်ယောက်တည်းကိုပဲချစ်တာ..ဟင့်..ယုံပါမမရယ်...ဟင့်...Babyအပေါ်ကို တစ်ခါလောက်..ဟင့်...တစ်ခါလောက်ပါပဲ...ထပ်ပြီးယုံကြည်ပေးပါ..မမ..ဟင့်...'

'Baby....မမ...ဟင်း.......ထပ်ပြီးမလုပ်ဘူးလို့ကတိပေးပါ Baby'

'ဟုတ် ဟုတ် Babyပေးပါတယ်မမ Babyပေးတယ်နော်'

ရိမ်းလည်းသူ့ရှေ့က ခေါင်းကိုတသွင်သွင်ငြိမ့်ပြိးကတိပေးနေတဲ့ ပင့်ကီကိုရင်ခွင်ထဲထည့်ပစ်လိုက်တယ် ဒီတောအတွင်း မမရဲ့ခလေးလေး ပင်ပန်းသွားပြီပဲ

For My Mistake(complete)Où les histoires vivent. Découvrez maintenant