Uni
ရုတ်ရင်းဆန်ခတ်ဖြစ်သွားတာမို့ ရိမ်း ဒီတိုင်းကြီးသာကြောင်ရပ်နေမိတယ် ပင့်ကီရဲ့အသံကြားမှ ပြန်သတိဝင်လာကာ ပင့်ကီကို ပွေ့ပြီး နီးစပ်ရာ ချူး(ရိမ်းအမေ)ကားပေါ်တင်ကာ ဒုန်းစိုင်းမောင်းပြီး ဆေးရုံဆီသို့
*************
ဆေးရုံရောက်သော်🏨'ဆရာဝန်တွေ ဆရာဝန်တွေ ဘယ်ရောက်နေလဲ ဒီမှာလူနာရှိတယ် ဆရာဝန်တွေ ဘယ်သချိုင်းရောက်နေလို့လဲ ကျစ် သေမနေကြနဲ့ ဒီမှာလူနာ......!!!!!!!'
ရိမ်းဘာမှမသိတော့ဘူး သူသိတာ သူ့လက်ထဲမှာပွေ့ထားတဲ့ သူ့မိန်းမကိုပဲ ကျန်တာဘာမှမမြင်တော့ဘူး ရိမ်းစိတ်ရှိလက်ရှိအော်လိုက်မှ ရောက်လာတဲ့ဆရာဝန်3၊4ယောက်က ပင့်ကီ့ကို စမ်းသပ်ကြည့်တော့ စိုးရိမ်ရတာမို့ ချက်ချင်း အရေးပေါ်ခန်းထဲခေါ်သွားတော့တယ် ရိမ်းက လိုက်ဝင်မယ် တကဲကဲလုပ်နေလို့ ဂျူနီယာဆရာဝန်လေးတွေ မနည်းထိန်းထားရတယ် ခဏကြာတော့ ချူးရောက်လာပြီး
'သမီး ရိမ်း ပင့်ကီရော'
'ခုထိအရေးပေါ်ခန်းထဲမှာပဲ ထွက်မလာသေးဘူး ဘာဖြစ်လို့လဲမသိဘူး babyသာ.....babyသာ တစ်ခုခုဖြစ်ရင် သမီးသေမှာ သမီးသာ babyပြောသလိုမေမေ့စကားနားထောင်မိရင် သမီးသာ ဒေါသတွေ babyပေါ် ပုံမချမိရင် ဟင့်......baby.....baby......'
ချူး သူ့ရှေ့ကငိုနေတဲ့သမီးကို ရင်ခွင်ထဲထည့်ပြီး နှစ်သိမ့်ပေးနေခဲ့တယ် ရိမ်းက သူယူထားတဲ့ သူ့မိန်းမတောင်မှ ဒီလောက်ချစ်ရင် သူမကိုရော အကယ်၍ သူမသာရိမ်းကိုမစွန့်ပစ်ပဲ သေချာဂရုစိုက်ပေးခဲ့ရင် ရိမ်းကသူမကိုအရမ်းချစ်မှာ သူမတွေးရင်း တွေးရင်းနဲ့ မျက်ရည်ကျလာကာ
'ရိမ်း သမီးရယ်....ဟင့်...မေမေ...တောင်းပန်ပါတယ်....မေမှားခဲ့ပါတယ်....ဟင့်....တကယ်တော့...မေမေက သမီးကို....သွေးပူနေတုန်း စွန့်ပစ်ပြီးတော့ တစ်ချိန်လုံး မုန်းမိခဲ့တာ...မေမေလေ.....'
ချူး သူမရိမ်းကို ဘယ်လိုရခဲ့ပြီး ဘယ်လိုစွန့်ပစ်ခဲ့ကြောင်း ဒတ်ခ်ျကိုလည်း Johnအဖြစ်နဲ့ ဘယ်လိုမျိုးလုပ်ခိုဂ်းခဲ့ကြောင်း အားလုံးရှင်းပြလိုက်တော့
YOU ARE READING
For My Mistake(complete)