Uni
နွေးထွေးမှု နူးညံ့မှုတွေနဲ့ ပြန်လည်ပြည့်နှက်သွားတဲ့အိမ်တော်ရဲ့ မြေအောက်ခန်းဝယ်
'စောက်သူတောင်းစား ငါ့ကိုအမှန်အတိုင်းပြောစမ်း ဘာလို့လုပ်တာလဲ ဘာလို့လဲ ဖြေလေ ငါမေးနေတာမကြားဘူးလား ဒီဖေ.....'
'မမ'
'ဟမ် Babyဘယ်လိုလုပ် ရောက်လာတာလဲ ပြန်သွား'
'ဟင့်အင် မမ မမဘာလုပ်မလဲဆိုတာ Babyကြည့်ချင်တယ်'
'မတားတာသေချာလား'
'အင်း တားစရာလားလို့ ဟီး'
'ချစ်စရာလေးကွာ'
ပင့်ကီနဲ့ပြောတဲ့အချိန်မှာ ရိမ်းမျက်နှာဟာနူးညံ့နေသလောက် ဆန့်ကျင်ဘက်အရပ်ကိုပြန်လှည့်လိုက်တော့ မျက်နှာခုနကနဲ့မတူပဲ ချက်ချင်းခက်ထန်သွားတယ်
'John ပြောစမ်း မင်းနောက်ကွယ်မှာတခြားတစ်ယောက်ရှိသေးလား ပြောစမ်း ငါမေးနေတယ်လေ စောက်သူတောင်းစား'
ဒုန်း ဒုန်း ဒုန်း
ရိမ်းစိတ်မရှည်စွာပဲ လက်ထဲမှာကိုင်ထားတဲ့တုတ်နဲ့ခေါင်းကို3ချက်လောက်ဆင့်ရိုက်လိုက်တယ် Babyနဲ့ပြန်အဆင်ပြေခဲ့တဲ့နေ့ကစပြီး ဒီကိစ္စကိုပြန်ပြီးစုံစမ်းခဲ့တယ် Babyထင်တဲ့အတိုင်းပဲ Johnဆေးခတ်တာကိုမြင်တဲ့သူရှိခဲ့တယ် အားလုံးသေချာသွားတဲ့နောက်ပိုင်း ရိမ်း သူ့လူတွေကိုစေခိုင်းလိုက်တယ် Johnကိုအရှင်လက်လက်ဖမ်းခဲ့ပြီး မြေအောက်ခန်းကိုထည့်ထားဖို့ပဲ
'မမ တော်ပါတော့ သူသေသွားဦးမယ်'
'မင်းကသူ့အတွက်စိတ်ပူနေတာလား ဟမ်...!!!!'
'မ...မဟုတ်ပါဘူး သူ..သူသေရင် မေးလို့မရတော့ဘူးလေ အာ့ကြောင့် Babyက...Babyက.....'
'မမတောင်းပန်ပါတယ် မမ မအော်လိုက်သင့်ဘူး'
'ရ...ရပါတယ်'
'ဒီကောင်မပြောဘူးဆိုလည်းသတ်ရမှာပေါ့ မမအဲ့လောက်စိတ်မရှည်ဘူး'
ရိမ်းဟာပြောပြီးပြီးချင်း တုတ်ကိုလေပေါ်မြှောက်လိုက်ပင်မဲ့ အသံတစ်ခုကြောင့် ရပ်တန့်သွားခဲ့တယ်
'ရပ်လိုက်စမ်း ရိမ်း နင်သူ့ကိုထပ်လုပ်ရင် ငါ့အဆိုးမဆိုနဲ့'
BINABASA MO ANG
For My Mistake(complete)