ယနေ့ 21ရာစုခေတ်ကြီးမှာ လူသားတွေဟာအရင်ကထက် ပိုပြီးတိုးတက်လာကြပါတယ်။စူးစမ်းသူတွေ လေ့လာသူတွေ ကမ္ဘာကြီးကိုပိုမို လှပအောင် အသုံးဝင်အောင် ပြုလုပ်သူများနှင့် ပြည့်နှက်နေပါတယ်။ဒါ့ပြင် ကမ္ဘာကြီးကို ညစ်ညမ်းအောင် ပြုလုပ်သူများနှင့်လည်း ပြည့်နှက်နေသေးသည်။လူသားတွေက ကမ္ဘာအပြင်ဘက်ကိုလည်း စူးစမ်းတတ်ကြပါသေးတယ်။ကမ္ဘာကြီးမှာလည်း လူသားတွေအတွက် အံ့သြစရာတွေ လူသားတွေလိုက်လို့မမှီနိုင်တဲ့ အရာတွေလည်းပြည့်နှက်နေသေးသည်။
ကမ္ဘာကြီးမှာ လူဦးရေသန်းပေါင်းများစွာနှင့် နိုင်ငံများ မြို့များလည်း များစွာရှိသည်။အလှပတရားတွေ လူသားတွေလိုက်လို့မမှီနိုင်တဲ့ သဘာဝတရားအလှတွေရှိပါတယ်။သို့သော် ကမ္ဘာကြီးထဲမှာဘဲ ကမ္ဘာအပြင်ဘက်သို့ရောက်နေသည့် နိုင်ငံတစ်ခုလည်း ရှိပါသေးသည်။
ထိုနိုင်ငံကတော့ EDEN WORLD လို့ခေါ်တဲ့ နိုင်ငံဖြစ်ပါတယ်။နိုင်ငံရေးအကြီးအကဲများနှင့် အခွင့်ထူးခံလူတန်းစားများသာ ထိုနိုင်ငံကိုသိကြသည်။
သာမာန်လူများမှာ သိသွားခဲ့ရင်လည်း ဇာတ်သိမ်းမလှသလို။ထိုနိုင်ငံထဲ ဝင်ချင်လျှင် အလွယ်တကူမဝင်နိုင်။ ထိုနိုင်ငံမှ ပြန်ထွက်မည်ဆိုလျှင်လည်း ထိုနိုင်ငံအကြောင်းအပြင်ကို မပေါက်ကြားရပါ။ထိုနိုင်ငံထဲတွင်လည်း အပြင်နိုင်ငံများကဲ့သို့ လူတန်းစားအမျိုးမျိုးရှိသည်။ လူချမ်းသာ လူလတ်တန်းစား ဆင်းရဲသား ဆိုပြီးအမျိုးမျိုးရှိသည်။ထိုနိုင်ငံမှ ထွက်ကာ အပြင်ဘက်တွင် နေမည်ဆိုလျှင် နိုင်ငံအတွင်းသို့တစ်သက်လုံးပြန်မလာရတော့ပါ။
ထိုနိုင်ငံကို လူအနည်းအကျဉ်းသာသိထားကြသည်။ထိုနိုင်ငံသားဖြစ်လျှင် ဖြစ်သူနိုင်ငံသားကို အပြည့်အဝကာကွယ်ပေးသည်။မည်သည့် အန္တရာယ်လာလာ နိုင်ငံက အရှေ့မှကာဆီးပေးကာ ကာကွယ်ပေးသည်။သို့သော်သစ္စာဖောက်၍မရ။
အပြင်ကမ္ဘာမှ လာသူမိသားစုတစ်ခုကာ ကြီးမားလှပသည့် ဂိတ်အပေါက်ဝတစ်ခုတွင်ရပ်ကာ အစစ်ဆေးခံနေရသည်။ မိန်းမဖြစ်သူမှာ ငါးနှစ်အရွယ်ကလေးကို ချီထားကာ ယောက်ျားဖြစ်သူကတော့ အိတ်တစ်လုံးကိုကိုင်ထားကာအစစ်ဆေးခံနေရသည်။