7-1

84 8 1
                                    


ပေါက်ကွဲသံကြောင့် Bacon ပို့ပေးတဲ့နေရာကို အမြန်သွားတော့ နေရာတွေကပျက်စီးနေပြီးဗုံးဒဏ်ထိထားကြသည်။တခြားလူတွေထက်Sehunကိုလိုက်ရှာကြည့်တော့ လမ်းတစ်ဖက်ခြမ်းက သစ်ပင်ကြီးနားလဲနေသည်။

" Sehun! Sehun! သတိထားပါဦး "

သစ်ပင်ကြီးနားလဲကျနေတဲ့ Sehunကိုမကာ တစ်ကိုယ်လုံးအထိခိုက်အနာတရရှိမရှိစစ်ကြည့်တော့ ဘယ်ဘက်ခြေထောက်မှာဒဏ်ရာရနေသည်။မျက်နှာမှာလည်း ထိခိုက်ထားသေးသည်။

" Kai ! "

လူတွေခေါ်လိုက်တော့ သူနဲ့အတူပါလာတဲ့Baconကစိတ်မချလို့သူပါလိုက်လာသည်။

" အရေးပေါ်ကား ခေါ်ပေးလိုက်!
Bacon စံအိမ်သွားမယ် "

" Omm "

ဒဏ်ရာရတဲ့လူတွေအတွက် လုပ်ပေးဖို့သူ့လူတစ်ချို့ထားခဲ့ပြီး သူကတော့ Sehunကိုချီကာ ကားပေါ်တက်ပြီး ဒီမှာရှိတဲ့ သူ့စံအိမ်ကို
သွားလိုက်တော့သည်။
ကားပေါ်မှာတင် ဆရာဝန်ကိုလှမ်းခေါ်ပြီး Kaiကိုယ်တိုင် Sehunခြေထောက်ကိုအရေးပေါ် ဆေးထည့်ပေးရသည်။

အရှေ့ကBaconနဲ့မျက်လုံးခဏ ခဏဆုံမိပေမယ့် ခုချိန်သူမှာ့ရန်ဖြစ်ချိန်မရှိ။

" ဒဏ်ရာကတော့ တစ်ပတ်လောက်နေရင်သက်သာသွားမှာပါ အရမ်းကြီးစိုးရိမ်စရာမရှိပါဘူး "

ဆရာဝန်ပြန်သွားတာနဲ့ BaconကSehunကို loeyဆီအပ်ခဲ့ပြီးသူ့ကိုအပြင်ခေါ်ထုတ်လာသည်။Phပြောရင်း သူ့ကိုကမ်းပေးတော့ လှမ်းယူပြီးကိုင်လိုက်သည်။

" တောင်းပန်ပါတယ် သခင်လေး
ကျွန်တော်တို့ ပေါ့ဆမှူကြောင့် သခင်လေးလူ "

" တော်ပြီ! ဖြစ်ပြီးတာထားလိုက်တော့ နောက်တစ်ခါ လုပ်မယ်နေရာကြို တင်ပြထားကြ! "

" ဟုတ်ကဲ့ပါ "

Phကိုပြန်ပေးတော့ Baconကသူ့ကိုစိတ်မရှည်သလိုပုံစံနဲ့ပြန်ကြည့်သည်။

" နောက်ပိုင်းဒီထက်ပိုဆိုးလာမှာ Kai
မင်းအတွက်လုပ်ရမယ့် ခြေလှမ်းကခုကစတာဘဲ မင်းကိုဦးတည်နေတဲ့သူတွေ Oh Sehunဆီမလာနိုင်ဘူးလို့ တပ်အပ်မပြောနိုင်ဘူး။ မင်းသူ့ကိုကာကွယ်ပေးနိုင်တဲ့ အင်အားမရှိသေးဘူးဆိုတာ အမှတ်ရပါ။

ʀᴏsᴇ ᴋʜ ∆∆∆Where stories live. Discover now