Story Introduction

203 33 10
                                    

 

            "   EDEN WORLD  "

ကမ္ဘာပေါ်က အလှပဆုံးနေရာလို့တင်စားခေါ်ဝေါ်ရလောက်အောင် လှပတဲ့ မြို့။ ကမ္ဘာကြီးထဲတည်ရှိနေသော်လည်း သာမာန်လူတွေမသိကြပါ။ကမ္ဘာမြေပုံပေါ်တွင်လည်း ထိုနိုင်ငံက ပါဝင်ခြင်းမရှိ။

EDEN WORLD နိုင်ငံမှာ သစ်တောတွေ တောတောင်တွေ ကျွန်းဆွယ်တွေလည်းရှိသလို ရွှေငွေများကျောက်သံပတ္တမြား အပြင် သဘာဝဓာတ်ငွေ့များလည်းထွက်သည်။ သယံဇာတပေါကြွယ်ဝသောကြောင့် တိုင်းတစ်ပါးမှလူများမကျူးကျော်လာစေရန် နိုင်ငံကို ခိုင်ခံ့လှပသော တံတိုင်းကြီးများဖြင့် ဝန်းရံကာဆီးထားသည်။

ရှေးနှစ်ပေါင်းများစွာထဲက တည်ရှိလာသောကြောင့် ရှေးဟောင်းအဆောက်အအုံများ လည်းရှိသည်။
နိုင်ငံကို အရှေ့ အနောက် တောင် မြောက်ဆိုပြီးခွဲခြားထားသည်။
EDEN WORLD နိုင်ငံကို ရှေးယခင်တည်းက KIM မိသားစုသာလျှင် ပိုင်ဆိုင်သည်။

KIM မိသားစုသည်လည်း ယခုထက်ထိ ဆက်ခံသူများနှင့် နိုင်ငံကိုအုပ်ချုပ်လျှက်ရှိသည်။
ယခု21 ရာစုခေတ်တွင် KIM မိသားစု၏ တတိယဆက်ခံသူ Kim Junmin ကအုပ်ချုပ်ထားသည်။

Kim Junmin  တွင် သားသုံးယောက်ရှိသည်။
အရှေ့ပိုင်းဟာ EDEN WORLD ၏အဓိက အချက်ချာကျရာ မြို့တော်ဖြစ်ပြီး လူဦးရေအထူထပ်ဆုံးနေရာဖြစ်သည်။

သားသုံးယောက်တွင် ပထမသခင်လေး Kim Jinbo ကအနောက်ပိုင်းကို အုပ်ချုပ်သည်။စိတ်ကောင်းနှလုံးကောင်းရှိကာ ပြည်သူအရေးကိုလည်း အမြဲကြည့်ရှုသူမို့ ပြည်သူများကနှစ်ခြိုက်သဘောကျ ကြသည်။

ဒုတိယသခင်လေး  Kim Hadong ကမြောက်ပိုင်းကို အုပ်ချုပ်သည်။ စိတ်ဓာတ်မာကြောသူဖြစ်ကာ အရာရာကိုမကြောက်မရွံ့ ရှိသည်။အထက်တန်းဆန်ဆန် နှင့် မထီသလိုပြုမူတတ်သည်ကြောင့် ပြည်သူများကတော့ သိပ်မနှစ်ခြိုက်ကြပါ။

တတိယသခင်လေး Kim Yongseo ကတောင်ပိုင်းကို အုပ်ချုပ်သည်။ရုပ်ရည်လည်း ချောမောသလို ညီအစ်ကိုသုံးယောက်ထဲတွင်လည်း ဥာဏ်အထက်ဆုံးဖြစ်သည်။ စိတ်သဘောထားပြည့်ဝကာ ရဲရင့်သူမို့ ဆက်ခံသူနေရာအတွက် ထင်ကြေးအပေးခံရဆုံးဖြစ်ကာ ပြည်သူများကလည်း နှစ်သက်သဘောကြ ကြသည်။

ʀᴏsᴇ ᴋʜ ∆∆∆Where stories live. Discover now