လေယာဉ်ပေါ်ကဆင်းတာနဲ့ Loeyကအိတ်တစ်လုံးသယ်လာကာ အနားပြေးလာသည်။
ပြောတာတော့ လူကြီးတွေက ရုတ်တရက်အစည်းအဝေးခေါ်တယ်ပြောသည်။ဒါ့ကြောင့် Baconတောင်သွားနှင့်ပြီပြောသည်။Kaiကတောင်ပိုင်းအုပ်ချုပ်သူတစ်ယောက်အနေနဲ့ အစည်းအဝေးတက်ရမည်ဖြစ်သည်။
ဘာကိစ္စလဲဆိုတာခန့်မှန်းမိပေမယ့် ဒီလောက်ထိစောလိမ့်မယ်တော့မထင်မိခဲ့။သို့သော်သူထင်ထားသောကိစ္စဖြစ်ချင်မှလည်းဖြစ်လိမ့်မည်။Baconကအရင်သွားနှင့်တာမို့ သူတို့ထည့်ထားသောလူယုံကပြန်ပြောပြလိမ့်မည်။
ကျောင်းပိတ်ရက်နှင့်တိုက်ပြီး ပြန်လာခဲ့တာမို့
Sehunတစ်ယောက်သူ့ကို သတိရနေမလားဘဲ။လူကသာ မာနကြီးတယ်လို့ထင်ခံရတာ
အတွင်းစိတ်ကတော့အရမ်းနူးညံ့သည်။Kaiကိုလည်းသူကတခါတလေဆရာလုပ်တတ်သေးသည်။မနက်တိုင်း မနက်စာဝယ်ပေးလာတော့ ကိုယ်တော်ချောကသူ့ကို ကျေးဇူးရှင်ကြီးတစ်ယောက်လို သတ်မှတ်နေတာတော့ နည်းနည်းဆိုးသည်။
" Kai ရောက်ပြီ ! "
" Omm~~ "
အစည်းအဝေးခန်းထဲတိုက်ရိုက်ဝင်သွားလေတော့ လူကြီးပိုင်းတစ်ချို့ကတော့ သူ့ကိုလာနှူတ်ဆက်ကြသည်။အဖေ့တို့အကြောင်းကလည်းမပါမဖြစ်ပေါ့။
သူထိုင်မယ့်နေရာအရှေ့မှာတော့ သူနဲ့ဦးလေးတော်စပ်သူနှစ်ယောက်က ထိုင်လျှက်ရှိနေသည်။နှစ်ယောက်လုံးကတော့ သူကိုအသိအမှတ်ပြုသလို ခေါင်းငြိမ့်ပြကြသည်။
" Kai "
Baconကအနားရောက်လာကာ
" အခုတလော ဖြစ်နေတဲ့ ဆူပူမှူထကြွတဲ့ ကိစ္စနဲ့အရေးတကြီးခေါ်လိုက်တာတဲ့ "
Kaiခေါင်းငြိမ့်ပြတော့ Loeyနဲ့Baconတို့ကအနောက်မှာသွားရပ်နေကြသည်။
ခဏနေတော့အဖိုးရောက်လာသည်။သူ့ကိုမြင်တော့ ပြုံးပြသည်။" နိုင်ငံထဲ အခုတလောဆူပူမှူတွေဖြစ်နေကြပါတယ် ဒါဟာ ကျွန်တော်တို့ကိုမကျေနပ်လို့ ပြုလုပ်တယ်ဆိုတာ သိသာထင်ရှားပါတယ် "
" ဟူတ်ပါတယ် နောက်လူတွေလည်းမဆူပူအောင် ပြင်းပြင်းထန်ထန်အရေးယူသင့်ပါတယ် "