Mg ❤ Yone (1)

20K 865 67
                                    

ကျောင်းချိန်နောက်ကျနေတာကြောင့် ဘတ်စ်ကားပေါ်က ဆင်းတာနဲ့ စာသင်ခန်း သို့ မရပ်မနားအပြေးသွားလိုက်သည်။ ကံကောင်းသည်ဟု ဆိုရမည် စာသင်ခန်းထဲ ရောက်တော့ ဆရာ မဝင်သေးပေ။ ကျောင်းသားတွေရဲ့ သဘာဝအတိုင်း အုပ်စုဖွဲ့စကားပြောနေတဲ့သူနဲ့ ၊ စာတကုပ်ကုပ်လုပ်နေတဲ့ စာဂျပိုးတွေ ၊ တရေးတမော အိပ်ပျော်နေကြတဲ့သူတွေ နဲ့ စာသင်ခန်းအတွင်း တညံညံ ရှိနေသည်။

" အေး ငါ့အဖေ ဗီယက်နမ်ကို အလုပ်ကိစ္စနဲ့ သွားတုန်းက ဒီရွှေဒင်္ဂါးကို ရလာတာ "

ထိုကဲ့သို့ အသိုင်းအဝိုင်းကြီးတွေစုကာ ပြောနေသော စကားဝိုင်းက လူတွေက ဆက်မာန်ဟိန်း ကို မြင်တော့ ခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်ပြီး မတန်ဟန်ပြုကာ ပြောနေတဲ့စကား​တွေကို ပြန်ဆက်လေသည်။ ဆက်မာန်ဟိန်း ​ခေါင်းငုံ့လိုက်ကာ ထိုသူတွေကို ကျော်ပြီး တစ်စုံတစ်ဦးမှ မရှိတဲ့ ချောင်ကျကျ တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။ ရုန်းရင်းကန်ရင်းနဲ့ အခုဆို တတိယနှစ်ကို ရောက်လာပြီ။ လင်းရောင်ခြည် နဲ့ Role NO.  ကွာသွားတာကြောင့် အခန်းလည်း မတူတော့။

ခနနေတော့ ထိုစကားဝိုင်းထဲကနေ ကောင်လေးတစ်ယောက် ထလာကာ သူ့ဘေးနား လာထိုင်သည်။

" ဘာလို့ နောက်ကျနေတာလဲ "

" ဆိုင်မန်နေဂျာကို အလုပ်နည်းနည်းကူပေးနေလို့ "

ပင်ကို မျက်နှာထားတည်တည်လေးက အလိုမကျမှုတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ မာကျောသွားတဲ့ အသွင်ကို မြင်ရသည်။

" မင်း ကျောင်းလာရမယ်ဆိုတာ သူမသိဘူးလား "

" သူကမခိုင်းပါဘူး မောင် က အတင်းလုပ်ကူတာ "

အထင်လွဲပြီး တခြားသူကို အမြင်စောင်းမှာစိုး၍ အလျင်အမြန် ဖြေရှင်းချက်ပေးရသေးသည်။

" အော် သူတော်ကောင်းကြီး "

သူ့ကိုရွဲ့ပြောနေတာကို သိတာလား မသိတာလား မသိ ဖြူစင်ရိုးသားတဲ့ မျက်နှာကြီးနဲ့ ပြုံးပြုံးကြီးလုပ်နေသည်။

" မျက်တွင်းကဟောက်ပက်နဲ့ အိပ်ရော အိပ်ခဲ့လား "

" မနက်က ခနတော့ အိပ်လိုက်သေးတယ် "

" စေတနာရုံ ခြုံကာလွှမ်းလို့ မောင့်မေတ္တာဝေ"Where stories live. Discover now