Mg ❤ Yone (7)

4.8K 418 50
                                    

စေတနာရုံ တော်တော်ပျင်းနေပြီဖြစ်သည်။ ဒီနေ့ ဆေးကျောင်းသားဘဝရဲ့ နောက်ဆုံးနေ့ဖြစ်သည်။ ဒီနေ့စာမေးပွဲက လက်တွေ့ဖြစ်ပြီး ဆေးရုံမှာ လူနာနဲ့တွေ့ပြီး လူနာရဲ့ရောဂါလက္ခဏာကိုမေးမြန်းစစ်ဆေးခြင်းတွေပြုလုပ်ရတာဖြစ်သည်။ ရုံက ဖြေပြီးနေပေမဲ့ ဆက်မာန်ဟိန်းကအခုထိ မပြီးသေးပေ။ စာမေးပွဲဖြေလို့မပြီးသေးတာမဟုတ်ဘဲ သူ့လူနာနဲ့စကားဖောင်ဖွဲ့နေတာဖြစ်သည်။

အတော်အတန်ကြာမှ ထွက်လာပြီးရုံကို မြင်တော့ အပြေးအလွှားပင်။ ရုံ ပြန်သွားပြီမှတ်လို့ ဆိုသည့်အကြောင်းပြချက်ဖြင့်။ ဘယ်တုန်းက သူ့ကိုထားသွားခဲ့ဖူးလို့လဲ။

" ရုံ ပင်ပန်းသွားပြီ "

" မင်းရော "

အပြန်အလှန် တာဝန်ကျေကြောင်း နွေးထွေးစွာဆိုပြီးနောက် လူသူကင်းတဲ့တိတ်ဆိတ်သောနေရာဆီမှာ နှစ်ယောက်သားအပန်းဖြေကြသည်။

" မောင် "

ရုံ ခေါ်တော့ ထုံးစံမပျက်ပြုံး၍ပေါ့လေ။

" အဲ့နေရာမှာ မင်းအလုပ်လုပ်စရာမလိုတော့ဘူး "

မောင်ဟာ ပြုံးပြီးခေါင်းငြိမ့်ပြသည်။" မောင့်ကိုကျောင်းပြီးအောင်ထောက်ပံ့ပေးခဲ့တဲ့ နေရာလေးပါ " ဆိုပြီးကျေးဇူးတင်စကားကမပါမဖြစ်ပေါ့။

" မောင် ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားပါ့မယ် မောင့်ကြောင့်ရုံ ထပ်ပြီး ဂုဏ်မငယ်စေရပါဘူး မောင်ကတိပေးတယ် မောင်နဲ့အကြာကြီးရှိ​ပေးပါ "

ဒီစိုးရိမ်ကြောင့်ကြတဲ့အငွေ့အသက်တွေကို ရုံမုန်းသည်။ ရုံက မောင့်ကိုပစ်သွားတော့မယ်လို့ မောင်ထင်နေသလား။

" ငါ မင်းကိုယူမှာ "

မောင့်မျက်ဝန်းတွေ ဝိုင်းစက်လို့ပင်။ မောင်ဘယ်လိုမှမထင်မှတ်ထားသည်လား။ ရုံ့ကိုမယုံခဲ့လေဘူးလား။

" ဘာလဲ မင်းကငါ့ကိုအပျော်ကြံတာလား "

ခေါင်းအသွင်သွင်ခါကာ ငြင်းပယ်သည်။ ရုံ့ကိုလည်းအံ့သြတကြီးကြည့်နေဆဲ။

" ဘွဲ့ယူပြီးတာနဲ့ ငါ့အဖိုးဆီလာတောင်း မင်းကို မင်းဆရာမဆီငါလိုက်တောင်းမယ် "

" စေတနာရုံ ခြုံကာလွှမ်းလို့ မောင့်မေတ္တာဝေ"Where stories live. Discover now