Mg ❤ Yone (2)

8.7K 743 96
                                    

" ရုံ "

Club တစ်ခုရဲ့ ဘေးလမ်းကြားလေးထဲကနေ ထွက်လာတဲ့ မောင် က ပုဆိုး အစိမ်းပုပ်ရောင်နဲ့ Shirt အင်္ကျီ အဝါရောင် ပြောင်လေး ကို သပ်သပ်ရပ်ရပ် ဝတ်ထားသည်။ အနည်းငယ်နွမ်းနေပေမယ့် မောင် နဲ့ အတော် လိုက်ဖက်နေတာကြောင့် မောင် က သိပ်ကြည့်ကောင်းနေသည်။ ဘာမှ မလိမ်းခြယ်ထားတဲ့ မျက်နှာပြောင်ပြောင်လေးက ကြည်လင်ပြီး ဝင်းနေသည်။  ရုံ့ ဆီ အပြေးလာပြီး ရုံ့လက်ထဲက အထုတ်ကို လွှဲပြောင်းကာ သယ်ယူနေတဲ့ မောင့်ကို ရုံ ငေးမဝ။ Shirt အဝါ နဲ့ ဒူးဖုံးဘောင်းဘီ အဖြူဝတ်လာတဲ့ ရုံ က မောင် နဲ့ လိုက်ဖက်နေမလား။

" လာ "

လူတစ်​ယောက်စာသာကျယ်သော လမ်းကြားကျဥ်း လေးထဲ ဝင်လိုက်ကာ အနည်းငယ် သွားပြီးတဲ့နောက်မှာတော့ ပျဥ်အိမ်လေး တစ်အိမ်ထဲကို မောင်က ဝင်သွားသည်။ ထို့နောက် ထပ်ခိုးလို နေရာ မျိုးလေးထဲက မောင် ဝင်သွား တဲ့ အခန်းလေးတစ်ခု ။

အခန်းကျဥ်းကျဥ်းလေး တကယ်ကို ကျဥ်းကျဥ်းလေး။ ကန်တော့ ကန်တော့ မနှိုင်းကောင်းနှိုင်းကောင်း ရုံ့ရဲ့ ရေချိုးခန်းလောက်တောင် မကျယ်ဘူး။ ဒါပေမယ့် ချစ်စရာ ကောင်းတယ်။ ကုတင်သေးသေးလေး တစ်လုံးရယ် စားပွဲခုံလည်းတစ်ခုံရယ် ဒါနဲ့တင် အခန်းက ပြည့်နေပြီ။ ဒါပေမယ့် သန့်သပ်ပြီး နေချင်စဖွယ်ရှိတယ်။ ရိုးရှင်းပေမယ့် ဘာမှထွေထွေထူးထူး သိပ်မရှိတဲ့ မောင့်အသုံးအဆောင်လေးတွေက ဆွဲဆောင်နေပြန်သည်။

" ရုံ ဝင်လာလေ "

" အ!  ဟင့် "

ချစ်စရာကောင်းတာကို ရုံ သိပေမယ့် အမိုးနိမ့်နေမှန်းတော့ ရုံ မသိခဲ့။ နာလိုက်တာ ဆိုတာ။

" အိုး ဟိုး ဟိုး... နာသွားပြီ ဥုံဖွ ဥုံဖွ ခေါင်းငုံ့ဖို့ ပြောဖို့ မေ့သွားတာ မောင် တောင်းပန်ပါ တယ် "

ချက်ချင်း ရုံနားလာက မောင့်အင်္ကျီတစ်ထည်ကလည်း သူ့လက်မှာ ကြပ်ထုပ်ထိုးဖို့ရာအတွက် အဆင်သင့် အနေအထားမှာ။

" နာသေးလား မောင်ပြောဖို့မေ့သွားတာ ကျွတ် ကျွတ် ဘယ်လိုလုပ်ကြမလဲ ဖူးး ဖူးးး "

ကုတင်ပေါ်ထိုင်နေတဲ့ ရုံ့ကို အရှေ့ကနေ ခန္ဓာကိုယ်ကိုင်းပြီး ကြပ်ပူထိုးပေးနေရင်း ပါးစပ်ကလည်း စိုးရိမ်လွန်ပြီး တစ်ခုပြီးတစ်ခု ထွက်နေသည်။

" စေတနာရုံ ခြုံကာလွှမ်းလို့ မောင့်မေတ္တာဝေ"Kde žijí příběhy. Začni objevovat