Final❤

8.3K 465 43
                                    

နေဝင်ရီတရောအချိန်အခါက ဤကဲ့သို့ လှပသည်လား။ဒီနေ့ဆည်းဆာသည်သိပ်ကိုလှပသည်။ကောင်းကင်ပြာသည် လိမ္မော်ရောင်စွေးစွေးဖြင့် ရောယှက်ကာရှူမဝသောတိမ်စိုင်တွေအဖြစ် ရေးခြယ်ထားသည်။

နေရောင်နွေးနွေး၏ အထိအတွေ့ကို နွေးထွေးစွာခံစားရသည်။ပတ်ဝန်းကျင်တခွင်မှာ နေရောင်ခြည်အလင်းတန်းမျှင်မျှင်လေးတွေ ဖြာကျလျက်ရှိတုန်းပင်။
ရာသီဥတုက ပူသည်မဟုတ် အေးသည်မဟုတ် နွေး၍ထွေး၍။သိပ်ကို နေလို့ကောင်းသည်။

မြက်ခင်းပြင်သည် စိမ်းစိမ်းစိုစို။ မြက်ပန်းလေးတွေက ရောင်စုံပွင့်လန်းကာ မျက်စိပဒေသာဖြစ်၏။မြက်ပင်ရိုင်းလေးတွေသည် ထိုးထိုးထောင်ထောင်ဖြင့် လေတစ်ခါဝှေ့တိုင်း ယိမ်းနွဲ့ကာ ကနေဟန်၊ တစ်ပင်နဲ့တစ်ပင်ပွတ်တိုက်ပြီးထွက်လာသည့် တရှဲရှဲအသံကသီချင်းဆိုပြနေသည်အလား။

မောင်တို့ဂေဟာလေးက ဒီလိုပဲနွေးထွေးသည်လား၊ဒီလိုပဲအေးချမ်းသည်လား၊ဒီလိုပဲလှပသည်လား။

ဂေဟာ၏အနောက်ဘက်ကွင်းပြင်လေးမှာ မောင်နှင့်အတူလမ်းလျှောက်ရသည့် ညနေခင်းဟာ ကြည်နူးဆွတ်ပျံ့ဖွယ်။ဂေဟာနှင့်အနည်းငယ်ဝေးတာကြောင့် ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေသည်။
ဒီတစ်ခါ တိတ်ဆိတ်ခြင်းသည် အေးချမ်း​ခြင်းဖြစ်သည်။

လေပြေ​အေး​အေး၏ကျီစယ်မှုကြောင့် သစ်ရွက်လေးတွေ လှုပ်ခတ်သံ၊အိပ်တန်းတက်ငှက်ကလေးတွေ၏ တကျီကျီအသံ၊မောင်၏ ခြေသံဖွဖွ၊မောင်၏ အသက်ရှူသံမှန်မှန်။

မောင့်ရဲ့​ခြေလှမ်းတွေကအစ သိပ်ညင်သာသည်။

"ဘယ်..ညာ..ဘယ်..ဘယ်..ဘယ်..
ဟာ ....မောင့် "

မောင့်ခြေလှမ်းတွေနဲ့ ထပ်တူညီစွာ လျှောက်လှမ်းဖို့ မောင်လှမ်းတဲ့ခြေလှမ်းအတိုင်း လိုက်လှမ်းနေတာကို မောင်ကသိတော့ ရုံ့အားစနောက်သည်။ရုံ ဆက်မလျှောက်တော့ဘဲ ခြေစုံရပ်လိုက်တော့ မောင်က ခပ်ဖွဖွရယ်ကာ ရုံ့ဘေးလာရပ်သည်။

ရုံ့လက်ကို ညင်သာစွာကိုင်ပြီး

" ရုံ ဘယ်ဘက်က စလျှောက်ချင်လဲ တစ် ၊ နှစ် ၊ သုံး ဆိုတာနဲ့ မောင်တို့အတူတူလှမ်းကြမယ် "

" စေတနာရုံ ခြုံကာလွှမ်းလို့ မောင့်မေတ္တာဝေ"Nơi câu chuyện tồn tại. Hãy khám phá bây giờ