Mg ❤ Yone (13)

4.6K 385 51
                                    

နေကြာရိုင်းတွေ တဖန်ကွယ်ပြန်ပြီပေါ့။
ဟိုးအဝေးက တောင်ပြာတန်းကြီးကတော့ မပြောင်းမလဲပါပဲ။ဆောင်းအကုန် နွေအကူး နွေဦးဆိုပေမဲ့မနက်ခင်းလေးက ချမ်းစိမ့်စိမ့်နိုင်တုန်း ၊ မြူလေးတွေကျနေတုန်း ၊ မနက်ခင်းပန်းလေးတွေကလည်း လန်းလို့လှလို့။  ဒီတောင်ပေါ်မြို့လေးရဲ့အအေးဓာတ်၊အနွေးဓာတ်လေးကို သူမက်မောနေတတ်ပြီ။

ထောပတ်ပင်အောက်က ဘတ်ထရီဆိုင်ကယ်အပြာလေးကိုမြင်တော့ စိတ်ကမခိုင်းစေဘဲနဲ့ကိုအလိုလိုပြုံးမိလျက်သား။ဒီဆိုင်ကယ်လေးစီးပြီး မောင်နဲ့အတူသွားခဲ့တဲ့နေရာတွေကများသား။မန္တလေးဆင်းတော့လည်းဒီဆိုင်ကယ်လေးနဲ့၊ဈေးဝယ်ထွက်တော့လည်းဒီဆိုင်ကယ်လေးနဲ့၊ကော်ဖီဆိုင်သွားတော့လည်းဒီဆိုင်ကယ်လေးနဲ့။

မောင် ဆိုင်ကယ်ယူလာတဲ့နေ့ကစလို့ အပြင်ထွက်ဖို့ချည်းလမ်းရှာနေခဲ့တာ။နှစ်အိမ်ကျော်က မုန့်ဆိုင်ကိုကအစ ဆိုင်ကယ်နဲ့သွားချင်တယ်ဆိုပြီးဂျစ်ခဲ့တာကိုတွေးမိတော့ကိုယ့်ကိုယ်ကိုယ်လည်း ရယ်ချင်သား။ မောင့်ခါးကိုဖက်ထားရတာ နှစ်သက်တယ်၊မောင့်ကျောကိုမှီရတာ သဘောကျတယ်၊မောင့်ပုခုံးပေါ်မှေးတင်ရတာ နှစ်ခြိုက်တယ်၊ဆိုင်ကယ်စီးရင် မောင်နဲ့အနီးကပ်ဆုံးနေရတယ်လို့ခံစားရတယ်။ဆိုင်ကယ်ပိုင်ရှင်ဆရာမဒေါ်နုနုဝေကို သိပ်ကျေးဇူးတင်ရတယ်။

" တစ်နှစ်ကလဲ မြန်လိုက်တာနော် မောင် "

အလုပ်သင်ကာလပြီးဆုံးတော့မယ်ဆိုပြန်တော့ ဒီမြို့လေးရဲ့​နေရာတိုင်းကလွမ်းစရာတွေအပြည့်နဲ့ ကျန်ရစ်လေတော့မည်။

ဒီရာသီအတွက်မလိုအပ်တော့တဲ့အနွေးထည်အထူတွေကို မောင်ကအဝတ်အိတ်တစ်ခုထဲမှာထည့်ကာသိမ်းနေသည်။အဝတ်အိတ်ထဲက အနွေးထည်အစီအရီက ပြင်ဦးလွင်မှာစုဆောင်းမိတဲ့အရာတွေ။

" နော်လို့ မောင် "

ရုံ ပြောနေတာကို ဘာမှမတုံ့ပြန်လာတာကြောင့် ရုံအသံနည်းနည်းမြှင့်ကာ မောင့်အာရုံစိုက်မှုကိုအရယူလိုက်သည်။မောင်က ဖွဖွပြုံးကာ ခေါင်းငြိမ့်ပြသည်။

" မောင်ကလည်း... စကားနဲ့ဖြေလေ "

မောင့်အသံကိုမကြားရတော့ စိတ်ထဲမအေးချမ်းတာကြောင့် မောင့်အနားကပ်တော့ မောင်ကရှောင်ဖယ်ကာ ရုံနဲ့ဆန့်ကျင်ဘက်ကိုလှည့်ထွက်သွားသည်။မအေးချမ်းမှုကနေ ပူလောင်ခြင်းသို့ တရိပ်ရိပ်မြှင့်တက်သွားတော့သည်။

" စေတနာရုံ ခြုံကာလွှမ်းလို့ မောင့်မေတ္တာဝေ"Where stories live. Discover now