If u loss -2-

1.1K 82 6
                                    

" ဟင့်...ဟာ...ဂျဲန်းနီ....!! "

လီလီတစ်ယောက် မင်သက်အံဩနေရာမှ
သတိဝင်လာသည်။တလှိမ့်လှိမ့်ဆင်းသွား
သည့် ဂျဲန်းနီကိုလိုက်ဖမ်းရင်း ကိုယ်တိုင်ဟ
န်ချက်ပျက်ကာ နှစ်ယောက်လုံးလုံးထွေးရင်း ချောက်ကမ်းပါးရှိရာဘက် လှိမ့်ဆင်းလာ
ကြလေသည်။

လီလီခန္ဓာကိုယ့်သည် ကျောက်တုံးကြီးနဲ့
ရိုက်မိ၍ ရပ်တန့်သွားပေမယ့် လီလီမထနိုင်သေး။ချက်ချင်းသတိရမိတာက လီလီနဲ့လုံးထွေးဆင်းလာသည့် ခပ်စွာစွာကောင်မလေး။

" အား...ကျွတ်...ကျွတ်..! ဟိုတစ်ယောက်
ဘယ်ရောက်သွားပါလဲ ဟင့်..! "

" အား...!! အမေရေကယ်ပါအုံး "

ချောက်ကမ်းပါးမှာ ငုတ်တိုလေးသာရှိသော
အပင်ငယ်ဆွဲကာ တန်းလန်းဖြစ်နေသော ဂျဲန်းနီ။နက်ရှိုင်းလှတဲ့ ချောက်ကြီးငုံကြည့်ရင်း ရှူးရှူးတွေပန်းထွက်တဲ့ထိ အော်ငိုမိတော့သည်။

" ဂျဲန်းနီ..!!"

မြင်လိုက်ရတဲ့မြင်ကွင်းက ရင်ထဲလှပ်ခနဲ။
ဒူးပေါ်ဆုတ်ပြဲသွားတဲ့ ဒဏ်ရာကိုသတိမ
ပြုအား။ဝုန်းခနဲရပ်တော့ ဒူးပေါ်ကနာကျင်
မူကြောင့် လူကပြိုလဲကျမလို။

" ဂျဲန်းနီ ...ငါလာပြီ။ခဏလေးတောင့်
ခံထား "

လီလီဝတ်ထားသည့် အကျီနှင့်ဘောင်း
ဘီရှည်ဆွဲချွတ်လိုက်သည် ။ အဲဒီနှစ်ခု
ချည်၍ အစွန်းတစ်ဖက် သူခါးပေါ်ချည်
သည်။ကျန်တစ်ဖက်ကို ငိုက်ဆင်းနေသ
ည့် အပင်ကိုင်းဖျား၌ချည်သည်။တောင်
စောင်းမို့ မတော်ရင်နှစ်ယောက်လုံးပြုတ်
ကျသွားနိုင်၏။

" ဂျဲန်းနီ... ငါလက်ကိုကိုင်လိုက်
မကြောက်နဲ့ "

လီလီ လက်ဖဝါးဆုပ်ကိုင်လာည့် ဂျဲမ်းနီ
လက်တွေဟာ ကြောက်ရွံတုန်လှုပ်မူကြော
င့် အေးစက်နေလေသည်။

" လီလီ ....လီလီ..ဟီး...ဟီး..! "

" အင်း...ဘာမှ..ဘာမှမဖြစ်တော့ဘူး
ဂျဲန်းနီ... "

If you loss Where stories live. Discover now