If u loss -5-

683 84 12
                                    


* ဒုန်း.!!*

" ဖြည်းဖြည်းလုပ်ပါ နီနီရယ်..ပန်းကန်ကို
အဲလောက်ဆောင့်ချစရာလိုလို့လား "

ဂျဲန်းနီချပေးလာသည့် ကင်ချီထမင်းကြော်
ကိုစိုက်ကြည့်လျှက် ဆိုယွန်းဆိုသည်။နှုတ်
ခမ်းတဝိုက်လည်းလျှာနဲ့သပ်လျှက်သား။
အမြင်နဲ့တင်စားကောင်းမည်ပုံ။

" ဒါနဲ့ နီနီ..ငါကြားထားတကယ်ပဲလား "

" ဘာကိုလဲ "

" နင်ကိုနင်တို့အတန်းခေါင်းဆောင် ဆော့မင်ဂျယ်က တွဲရအောင်လို့ပြောနေတယ်ဆို၊ငါကြားတာအမှန်ပဲလား "

ဆိုယွန်းအမေး၌ဆုံမိသည့် မျက်ဝန်းနှစ်စုံ
ဟာ စက္ကန့်အနည်းငယ်။လီလီကစ အကြ
ည့်တွေကိုသွေဖယ်လိုက်သည်။

" ငါ ပြန်တော့မယ်..အဖေခိုင်းထားတာ
လေးတွေရှိသေးလို့ "

လီလီဆိုရင်း အဆောတလျင်မတ်တပ်ရပ်
သည်။လေရဲ့အရှိန်နဲ့ ပြတင်းတံခါးဟာဝုန်းခနဲဆောင့်ပိတ်လာသည်။လီလီရင်ထဲ
ကဘာမှန်းမသိသည့် တဝုန်းဝုန်းမြည်သံ
ကိုတော့ မမှီနိုင်ချေ။

" စားတာဘယ်လောက်ကြာမှာမို့လဲ။
စားပြီးမှသွားပါလားဟာ "

ဆိုယွန်းစကားသံကြားပေမယ့် ခွန်းတုံ့မ
ပြန်မိ။တောင်ကုန်းသွားရမယ်။ခဲပစ်ရမ
ယ်။ခုချိန်မှာခဲပစ်ဖို့တစ်ခုတည်းသာ လီ
လီအာရုံမှာရှိသည်။

" ဟုတ်တယ်...ငါနဲ့ ဆော့မင်ဂျယ်က
တွဲနေကြပြီ...ကြာတော့မကြာသေးပါဘူး "

နောက်ကနီနီအသံသည် လေတွေခလုတ်
တိုက်ပြီး လီလီရင်ဘတ်ကိုလာမှန်သည်။
ကစဉ့်ကလျားလွှင့်စင်သွားသည့် အပိုင်း
အစတွေကဘာမှန်းမသိခင် ဆိုယွန်းရဲ့ 'ဪ 'ဆိုတာကြားလိုက်ရသည်။

" ငါအိမ်မက်ကတစ်ချိန်မှာ ငါကိုချစ်တယ် ယောက်ျားကိုလက်ထပ်ယူပြီးနွေး​ထွေးတဲ့မိသားစုဘဝတည်ဆောက်ဖို့ဘဲ ဆိုယွန်း "

ခြေနင်းခုံပေါ်ဖိနပ်ကို ချည်နေတာလား
ဖြည်နေတာလားမသဲကွဲခင် နီနီအသံက
နားထဲဖြတ်ဝင်လာသည်။ဖိနပ်ကြိုးပေါ်
လီလီလက်တွေဟာလဲရပ်တန့်ကုန်၏။
နီနီနဲ့ပတ်သတ်ပြီး လီလီရင်ထဲဘယ်လို
အရာတွေကများ ပြုစားနေရပါလဲ။ဘာ
ကြောင့်များ ရင်ဘတ်ထဲနင့်ခနဲ ဆို့နင့်ကျင်တက်သွားရတာပါလဲ။

If you loss Where stories live. Discover now