If you loss -12-

765 31 11
                                    

" စွာတေးလန်မလေးပဲ "

ဂျီဆူးတို့ရုံးခန်းရှိရာအပေါ်ထပ်ကို မော့
ကြည့်နေတဲ့တစ်ယောက်သောသူကိုတွေ့
လိုက်ရသည်။သတိမထားမိခင်မှာပင် ခြေ
တွေက မြေပြင်ပေါ်ရောက်နေနှင့်ပြီ။

" မင်း တို့ကိုစောင့်နေတာတော့
မဟုတ်ပါဘူးနော် "

" ကျမက ရှင့်ကို..."

ဂျဲန်းနီကိုဂျဲန်းနီလက်ညိုးထိုးမိသလို ရှေ့
ကအမျိုးသမီးကိုလည်း လက်ညိုးထိုးမိသည်။ခပ်ရိုင်းရိုင်းပင် ဂျဲန်းနီအပေါ်
အောက် စုန်ဆန်ကြည့်လိုက်သည်။

ခရမ်းရောင်ကိုယ်ဂျပ်လေးက အဲဒီအမျိုး
သမီးရဲ့ခန္ဓာကိုယ့်ကောက်ကြောင်းကို ပံ့ပိုးပေးထားသလို သျှားညိုရောင်ကုတ်တစ်ထည်ကလဲနေရာယူထားသေးသည်။စတို
လ်ဘောင်းဘီအိတ်ထဲ လက်ထဲလျှက် ပြုံးပြုံး​ကြီးရပ်နေသည့် ဒီအမျိုးသမီးဟာစမ
တ်ကျလွန်းသည်။

" ကျမက ရှင်ကိုဘာကိစ္စာစောင့်ရမှာလဲ "

ဒီအမျိုးသမီးနဲ့ဂျဲန်းနီနဲ့ ဘယ်ဘဝရေစက်
များပါလဲ။မြင်ပြင်းကတ်စရာကောင်းလိုက်
တာ။

" ဒါဆိုမင်း တို့ကိုစောင့်နေတာမဟုတ်
ဘူးပေါ့ "

နည်းနည်းလေးမှအထိမခံတဲ့ စွာတေးလန်
မလေးက ဂျီဆူးကိုမျက်စောင်းတွေပဲဇွတ်
ပစ်နေသည်။

" ရှင်ကိုစောင့်စရာလား...ကျမကကျမသူငယ်ချင်းစောင့်နေတာ "

ပြေးထွက်လာတဲ့ဆိုယွန်းကို လက်ပြလျှက် လမ်းမကြီးပေါ်တစ်ချက်ဝေ့ကြည့်မိသည်။
ရုံးဆင်းချိန်မို့လမ်းပေါ်ဟိုဒီသွားလာနေတဲ့
လူတွေများသလို ဘတ်စ်ကားပေါ်မှာလည်း လူတြွေပည့်ကျပ်နေလေသည်။

" နီနီ ရောက်နေတာကြာပြီလား။ငါနည်း
နည်းနောက်ကျသွားတာ ဆော့ရီးဟာ "

" မကြာသေးဘူးဆိုပေမဲ့ ဒီနေရာမှာ
အောက်ဆီဂျင်တွေ မသန့်သလိုပဲ။
ငါတို့မြန်မြန်သွားရအောင် "

" မမလည်း တူတူလိုက်ခဲ့ပါလား။
ဒီနေ့ ဆိုယွန်းတို့သူငယ်ချင်းတွေဆုံ
ကြမလို "

" ဆိုယွန်းကခေါ်ပေမဲ့ တချို့လူတွေက
ခေါ်ချင်ပါမလားနော် "

စွာတေးလန်မလေးရဲ့ ရေတွက်မရတဲ့မျက်စောင်းက ဂျီဆူးဆီထပ်ရောက်လာသည်။
ဒီကလေးမ ကလေးဆန်ပုံက အိမ်ထောင်
သည်ဆိုတာဟုတ်ပါလေစ။ကလေးနဲ့အ
ပြိုင်များ သူ့ယောက်ျားကိုကလေးဆန်ပြ
နေလေသလား။သူ့ယောက်ျားကတော့ က
လေးနှစ်ယောက်ထိန်းနေရတော့မှာပဲ။

You've reached the end of published parts.

⏰ Last updated: Nov 06, 2023 ⏰

Add this story to your Library to get notified about new parts!

If you loss Where stories live. Discover now