If u loss - 8 -

721 77 5
                                    

* ဒုန်း.....ဒုန်း.....ဒုန်း *

တရားသူကြီးဟာ ဆူညံနေသည့်တရားခွင်
ကို တိတ်ဆိတ်စေရန် သူရဲ့လက်စွဲတော်
တူကြီးနဲ့တဒုန်းဒုန်းထုလျှက်တရားခွင်ကိုတိတ်ဆိတ်ငြိမ်သက်စေသည်။

" အဖ - Mr.king ho
အမိ - Ms.Taeyeon
တို့၏သား တရားခံထယ်ဟိုသည် သေဆုံး
သူမိန်းကလေးအား  သက်သေခံပစ္စည်းဖြစ်သည့် သံပိုက်နှင့်အကြိမ်များစွာမညှာမတာရိုက်နှက်ခဲ့သည်။ဤအမူဟာလူသတ်မူဖြစ်ကြောင်းထင်ရှားပေါ်လွင်စေသည်။
ထိုကြောင့် ရာဇာသတ်ကြီးပုဒ်မ (ခ) ၂၀၄/အရအလုပ်ကြမ်း၌ ထောင်ဒဏ်၂၂ နှစ်ကျ
ခံစေရန် ဤရုံးတော်မှ အမိန့်ချမှတ်လိုက်သည်။လျော့ရက်ကို သတ်မှတ်ထားသည့်
အပြစ်ဒဏ်မှထုတ်နှုတ်ခံစားခွင့်ရှိသည် "

*ဒုန်း....ဒုန်း....ဒုန်း..*

တရားစီရင်ခန်းမထဲကနေ ဒေါက်အမြင့်
ရဲ့ဖိနပ်သံသည် စည်းချက်မှန်မှန်တဖြ
ည်းဖြည်းတံခါးနားနီးလာလေသည်။အ
မူဖိုင်တွဲကိုရင်ဝယ်ပိုက်လျှက် သူမရှေ့
တည့်တည့်ရှိ နံရံပေါ်၌ သမာဓိချိန်ခွင်ကို ကျေကျေနပ်နပ်စိုက်ကြည့်နေသည်။အ
ခုတော့စိတ်လက်ပေါ့ပါးစွာနဲ့ သူမရဲ့ရုံး
ခန်းရှိရာဆီ ခြေလှမ်းတွေကိုပြန်ဦးတည်လိုက်သည်။

" Congratulation ပါ...အစ်မ "

ရုံးခန်းထဲခြေချရုံပဲရှိသေး ရွှေရောင်ငွေ
ရောင်အမှုန့်မွှားတွေခေါင်းပေါ်ပြန့်ကြဲ
ကျလာ၏။သူမရဲ့အပင်ပန်းဆုံးအချိန်
တွေကို သူမရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့
သာဖြတ်ကျော်ခဲ့ရသည်။မြေနိမ့်ရာလှံ
စိုက်တတ်သည့်မတရားခြင်းတွေက
သူမဘဝထဲကအဖေကိုဆွဲထုတ်သွား
ခဲ့လေသည်။

" ဟယ်ဗြော... ဆိုင်ကောင်းကောင်း
ရှာထား...ဒီညကျမဒကာခံမယ် "

" အစ်မ တကယ်ပြောတာနော်
ယေး ...."

ဟယ်ဗြောကိုခေါင်းသာငြိမ့်ပြပြီး သူမ
အခန်းထဲဝင်လာခဲ့သည်။

" အဖေ... ဒီနေ့လဲမတရားမူတစ်ခုကို
သမီးကျော်ဖြတ်နိုင်ခဲ့တယ်။အဖေ
ကျေနပ်မယ်ထင်ပါတယ် "

စားပွဲပေါ်တင်ထားသည့် မှန်ဘောင်လေး
ထဲကအဖေကိုစိုက်ကြည့်ပြောဖြစ်ခဲ့တဲ့
စကားတွေ။မနက်ဖြန်တော့ အဖေဆီ
သွားအုံးမှာပဲ။ဒီအမူအတွက် ပြင်ဆင်
နေခဲ့တာမို့ အဖေဆီတောင်မရောက်ခဲ့
တာ အတော်ကြာနေခဲ့ပြီ။

If you loss Where stories live. Discover now