Part-(9)

2.8K 162 20
                                    

ချစ်နေသေးတယ်...မောင်

Part(9)

Barမှမောင့်ကိုတွဲခေါ်လာပြီး Taxiခေါ်လိုက်သည်။အနီးနားHotelတွင်တည့်ဖို့သာဆုံးဖြတ်လိုက်သည်။မောင့်အိမ်ကိုသူမသိသလို သူ့အိမ်မှာကလဲအဆင်မပြေဘူးမဟုတ်လား..

ကားပေါ်တွင်အမူးသမားကအငြိမ်မနေပဲ သူ့ဂုတ်ကိုလာကိုက်နေလေသည်။ခေါင်းမှီထားသလိုဖြစ်နေလို့တော်သေးတယ် မဟုတ်ရင်ရှက်စရာကြီး.. ကားဆရာသိမှာဆိုးလို့သူမှာအသံပင်မထွက်ရဲ မသိမသာတွန်းထုတ်လေပိုကိုက်လာလေဖြစ်တာကြောင့် ငြိမ်နေလိုက်သည်။မောင်ကအရင်လိုပဲ လက်ရဲဇက်ရဲရှိတုန်း~~

မျက်နှာကြီးရဲကာတောင့်တောင့်ကြီးထိုင်နေသောရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်ခိုးပြုံးလိုက်သည်ကို ရိပေါ်ကတော့မမြင်ခဲ့...
-----------------
"ရှောင်းကျန့် ထ ထ အကျီတွေလဲ.."

ကုတင်ပေါ်တွင်ပက်လက်‌လှန်အိပ်နေသောရှောင်းကျန့်ကို ရိပေါ်ကကုန်းနိုးနေခြင်းပင်..

"ဟက်..မောင်လို့ခေါ်ပါဆို!!အပစ်ပေးရတော့မည်ထင်တယ် ဒီကိုကိုအဆိုးလေးကို.."

"ဟင်..!"

ရုတ်တရက်ရိပေါ်ပုခုံးကိုကိုင်ကာ တစ်ပတ်လှည့်လိုက်သောကြောင့် အခုအခြေအနေအရဆိုရိပေါ်ကရှောင်းကျန့်အောက်တွင် ပြားပြား၀ပ်..

"မင်း မင်း မင်းမူးနေတာမဟုတ်ဘူးလေ.."

"မောင်ပါဆို..."

"မခေါ်တော့ရော.. ဘာဖြစ် အွန့်.."

တစ်ထော်ထော်နဲ့ရန်တွေ့နေသော နှုတ်ခမ်းလုံးလေးအားရှောင်းကျန့်သိမ်းပိုက်လိုက်သည်။

တစ်ဖြည်းဖြည်းနမ်းလာတာကြာလာသည်နှင့်အမျှ အနမ်းများဟာပိုမိုမွတ်သိပ်လာသလို ရမ္မက်ဆန်လာသည်။တဖြည်းဖြည်းနေရာ၀င်ယူသွားသော လျှာဖျားတွင်ဘီယာခါးခါးအရသာကိုခံစားမိနေသည်။

အသက်ရူရခက်လာသောကြောင့် ထုရိုက်ပြီးတွန်းထုတ်တော့ အကျီအားဆွဲဖြဲကာညှပ်ရိုးလေးများအား ရန်ရှာလာသည်။လက်ကလဲအငြိမ်မနေပဲ ဘောင်းဘီအောက်ရှိ ရိပေါ်အရာအားရန်ရှာနေလေသည်။

ချစ်နေသေးတယ်....မောင် [Completed]Where stories live. Discover now