ချစ်နေသေးတယ်... မောင်
Part(7)
ရိပေါ်MallထဲမှာSpicyခေါက်ဆွဲထုပ်ရှာတာ အခုဆိုလျှင်နာရီ၀က်ခန့်ပင်ရှိပြီ..ခြေထောက်တေလဲညောင်းလှပီ ဒါပေမဲ့အခုထိမတွေ့သေး
"ဒီနားမှာသေချာပါတယ် အရင်ကတောင်ဒီနေရာကနေယူတာကို ဘာလို့ပါလိမ့် ကုန်တာလဲမဖြစ်နိုင်ဘူး ဒီလောက်အထုပ်များတာကို"
ဆက်ရှာနေလဲမထူးတာကြောင့် ၀န်ထမ်းညီမအားမေးရန်ဆုံးဖြတ်လိုက်သည်..တော်သေးတယ် အဲ့ကောင်မလေးကတရုတ်ဆိုတော့မေးရပိုလွယ်တယ်
"ညီမ ညီမ.."
"ဟုတ် ဘာကူညီပေးရမလဲကော"
"ဟိုလေ..ဒီနားကSpicyထုပ်တေရောဟင် တစ်ခုမှမတွေ့တော့လို့"
"အာ....အဲ့တာခုနကပဲအကိုတစ်ယောက်အကုန်၀ယ်သွားတယ်"
"ဟင်..!ဒီလောက်အထုပ်အများကြီးကိုလေ?"
"ဟုတ်တယ် ညီမလဲမသိဘူး.."
"စားချင်ပါတယ်ဆိုဟာ..."
"ဟို ဟိုမှာကော အဲ့ကားနားကအနက်ရောင်နဲ့လူ သူ၀ယ်သွားတာ ကောအရမ်းလိုချင်ရင် သူ့စီက1ထုပ်2ထုပ်ပြန်၀ယ်လိုက်လေ အဲ့လောက်တော့ပြန်ရောင်းမှာပါ.."
"ဟုတ်မယ်နော် ကျေးဇူးညီမ"
"ဟုတ် ရပါတယ်"
ရိပေါ်၀န်ထမ်းမလေးနဲ့စကားအမြန်ဖြတ်ပြီး ထိုလူစီအပြေးသွားလိုက်သည်..
အနောက်က၀န်ထမ်းမှလေးကတော့ နံပါတစ်ခုဆီ*တာ၀န်ပြီး*ဟုစာပို့၍ နှုတ်မှလဲကျေနပ်အားရစွာ..
"ညီမကတောင်ပိုကျေးဇူးတင်ရမှာပါကောရယ်.."
လက်ထဲရှိငွေသားတစ်ချို့ကို တွက်ချက်ရင်းဆိုင်ထဲပြန်၀င်သွားလေသည်..
~~~~~~~~~
ရိပေါ်အနက်ရောင်၀တ်စုံနှင့်လူ၏မနီးမဝေးကိုရောက်နေလေပီ သွားမပြောခင်အရိပ်အကဲကြည့်ရသေးးနောက်ကျောပေးထားတော့ သူ့ကြည့်ရတာကိုယ့်ထက်အသက်ငယ်မယ်ထင် ၀တ်တဲ့ပုံကြည့်ရင်စီပွားရေးသမားဖြစ်ဖို့များတယ် သေချာကြည့်မှတစ်ယောက်သောသူနှင့်တောင် ဆင်သလိုလို..
YOU ARE READING
ချစ်နေသေးတယ်....မောင် [Completed]
Fiksi PenggemarZhanyi Fanfiction.. Fic Cover Is From Printest.