[Unicode]ချစ်နေသေးတယ် မောင်...
Final
နေရာသည်ကား အလွန်လှပသောပန်းခင်းတစ်ခု..
အရည်အသွေးစုံလင်သောပန်းမျိုးစုံသည်နေရာအနှံ့ပေါက်ရောက်လျက်။ လေအဝှေ့တစ်ချက်စီတိုင်းမှာ ပန်းရနံ့တို့သင့်ပြန့်နေသည်။
ရှောင်းကျန့်အတွက်တော့ထိုပန်းအားလုံးထပ်သူ့ရှေ့ကရိပေါ်ကပိုလှတယ်။ စိတ်လှုပ်ရှားမှုကြောင့်နီရဲနေသောမျက်နှာလေးက နှင်းဆီနီနှင့်ယှဉ်ကြည့်မယ်ဆိုလျှင် ဆီနှင့်ရေမျှသာ...
"သတို့သားနှစ်ဦးနမ်းလို့ရပါပြီ.."
ဖာသာ၏စကားအဆုံး သူတစ်ချိန်လုံးပစ်မှားနေသောနှုတ်ခမ်းနီနီလေးအားစတင်နမ်းရှိုက်လိုက်သည်။ လက်တစ်ဖက်ကိုပါးပြင်ပေါ်တင်ရင်း ကျန်လက်တစ်ဖက်ကိုခါးမှဆွဲယူကာနီးကပ်စေလိုက်ပြီး အနမ်းကိုပိုလို့အရှိန်မြှင့်ပါသည်။
ဧည့်သည်အားလုံးသည် ဂရင်းနစ်စံချိန်တင်နိုင်သောရှောင်းကျန့်၏အနမ်းရှိန်များကြောင့် ပါးစပ်အဟောင်းသား...
"အွန်း အွန်း..."
ရှောင်းကျန့်လွှတ်ပေးတော့မှ သူ့ရဲ့ကိုကိုပေါက်စကမျက်စောင်းချီကာ..
"ဟိုမှာလူတွေအများကြီးကြည့်ကုန်ပြီ အဲ့တာမောင့်ကြောင်.."
"ကိုကိုရှက်ရင်ကျွန်တော့်ရင်ခွင်ထဲလာ.."
"အင့်.."
ပြုံးတုံးတုံးမျက်နှာဘေးနှင့်ရှောင်းကျန့်ဟာ ရိပေါ်ကိုရင်ခွင်ထဲမြုပ်သည်အထိဆွဲဖတ်လိုက်သည်။
"ဂုဏ်ယူပါတယ် သားရိပေါ်"
"ဟင်? မား.. ကျွန်တော်.."
"စိတ်မပူပါနဲ့မားတို့က သဘောတူပြီးသားပါ"
"ဟုပ့ ဟုပ့ မားမားတို့ကငယ်ငယ်ထဲကသဘောတူထားတာ"
"ဟုတ်တယ်မှတ်လားဟဲ့.."
"ဟုပ့ အခုဆိုနင်နဲ့ငါဆွေမျိုးတွေတောင်ဖြစ်သွားပြီ ဘယ်လောက်ကောင်းလဲ ကဲ.."
"ဟားး ဟားးး နင်ကတော့.."
စကားတွေပြောပြီးတဟားဟားရီနေသော မားမားနှစ်ယောက်ကြောင့်ရိပေါ်ပြုံးလိုက်မိသည်။ အစကသဘောမတူဘူးထင်ထားတာ အခုတော့မိဘနှစ်ယောက်ကပါ၀မ်းသာ၀မ်းမြောက်လက်ခံတော့သူ့မှာပျော်ရွှင်မှုကပြောပြမတတ်ပင်..
---------------------------------
လေးနှစ်ကြာသော်.....
YOU ARE READING
ချစ်နေသေးတယ်....မောင် [Completed]
FanficZhanyi Fanfiction.. Fic Cover Is From Printest.