Part-(6)

2.5K 170 11
                                    

ချစ်နေသေးတယ်...မောင်

Part(6)

ခံစားဖူးကြလား?ကိုယ်ရင်ထဲနင့်နေ‌အောင်ချစ်ပြီး တန်ဖိုးထားရပါတယ်ဆိုတဲ့လူက စကားတစ်လေးနှစ်လုံးနဲ့သူ့ဘ၀ထဲအတင်းတိုး၀င်လာပြီး စကားလေးနှစ်လုံးတဲ့ပဲသူ့ဘ၀ကိုအပိုင်သိမ်း နောင်ဆုံးမှာတော့စကားနှစ်လုံးတောင်မပြောပဲ သူ့ဘ၀ကြီးကထွက်သွားလေရဲ့~~

မသိစိတ်ကရော သိစိတ်ကရော တာ၀န်ယူစိတ်မရှိတဲ့ထိုသူကိုမုန်းဖို့အတန်တန်ပြောနေပေမဲ့ နက်နက်ရှိုင်းရှိုင်းချစ်တတ်တဲ့နှလုံးသားလေးကတော့ခွင့်မပြုလေရဲ့..

သူဘယ်လိုလိုပဲလုပ်လုပ် မမုန်းရက်တဲ့ ကိုယ့်ကိုကိုယ်တော့စိတ်နည်းနည်းပျက်မိသား~~အရမ်းချစ်မိကာမှ ဘာလို့ထားခဲ့ရက်တာလဲရှင်ရယ်~~

၀မ်ချင်၀ရန်တာမှာ အတွေးမြောနေတုန်း အနောက်မှရောက်လာပြီး သဘတ်အပါးလေးနှင့်ကော်ဖီပူပူတစ်ခွက်လာပေးသော ရိပေါ်..ပေးတဲ့ကော်ဖီခွက်ကိုယူပြီးသောက်ကြည့်တော့ အရသာခါးသက်သက်ကပါးစပ်ထဲ အနည်းငယ်ကျန်ဆွဲလျက် မိုးပေါ်ကိုမော့ကြည့်တော့လဲ ကြယ်လေးများကတောက်ပလျက် ..

"လွတ်လပ်တဲ့လောကကြီးကို အားကျလိုက်တာဟာ"

"စိတ်ဓာတ်မကျပါနဲ့ သူပြန်လာမှာပါ"

၀မ်ချင်၏ပုခုံးကိုခပ်ဖွဖွဆုပ်ကိုင်ပြီး သူအားပေးမိသည်။၀မ်ချင်ကလဲသူ့လိုပဲ ချစ်တဲ့သူကအကြောင့်အရင်းမပေးပဲ ဘလိုင်းကြီးထားခဲ့ခံရတဲ့ကောင်မလေးတစ်ယောက်။မတူတာက သူကမိန်းကလေးတစ်ယောက် မပူသေးတဲ့ဗိုက်ကလေးနဲ့ဒုက္ခရောက်နေချိန် တရုတ်မှာပဲသူတို့တွေ့ဆုံဖြစ်ခဲ့ကြတယ်။

သူ့အကြောင်းစသိထဲကသနားမိတယ် စာနာမိတယ် ကိုယ်ချင်းစာမိတယ်။အဲ့တာကြောင့်၀မ်ချင်ပြောတဲ့ သူ့ကိုထားခဲ့ပါတယ်ဆိုတဲ့လူကြီးရဲ့နေရာမှာ သူကနေရာ၀င်ယူရင်းကူညီပေးမိသည်။

ယောက်ျားနေရာ ကလေးအဖေနေရာယူထားပေမဲ့လဲ တကယ်တမ်းလက်လဲမထပ်ရသေးသလို အချင်းချင်းရင်ဖွင့်ဖော် သူငယ်ချင်းအဆင့်လောက်သာ။အခုလဲဗိုက်ကမွေးခါနီးလို့ လန်ဒန်ပြောင်းလာတာတစ်လကျော်ကျော်တော့ရှိပြီ...

ချစ်နေသေးတယ်....မောင် [Completed]Where stories live. Discover now