ချစ်နေသေးတယ်...မောင်
Part(2)
တိတ်ဆိတ်သောဧည်ခန်းထဲ၀ယ် အူကြောင်ကြောင်ဖြစ်နေသောမားမားနှစ်ယောက်နှင့် အတွေးနယ်ချဲ့နေသောကောင်လေးနှစ်ယောက်တို့ကနေရာယူထားလျှက်.....ထိုတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သူကတော့...ဧည်သည်စားဖို့မုန့်လာချသည့် ဟောက်ရွမ်းပင်ဖြစ်သည်။
"အယ်.....ဧည်သည်တေတောင်ရောက်နေကြပီလား?"
"ဟမ်....အော်....အန်တီတို့ထိုင်ကြလေ"
အခုမှသတိပြန်၀င်လာသောရိပေါ်ပါလေ....༎ຶ‿༎ຶ
"အင်းပါ ဒါနဲ့သားတို့နှစ်ယောက်ကသိနေကြတာလားဟင်..??"
"မ...မသိ"
"သိတယ်လေမေမေရဲ့ ကိုကိုကသားရဲ့Idolပဲဟာကို သားနဲ့ကိုကိုကအသိတေလေဟုတ်တယ်မှတ်လား..ကိုကို"
"ဟမ်...??အင်းလေ အင်း"
ရိပေါ်မှာ ရှောင်မားအားမသိဘူးလို့ဖြေမလို့ရှိသေး ဟိုသတောင်းစားလေးက ကိုကို ကိုကိုခြင်းထပ်အောင် အရင်ပြောသွားလိုက်တာကြောင့် အင်တင်တင်နှင့်ပဲခေါင်းငြိမ့်လိုက်ရသည်။ထို့ကြောင့်စိတ်ပေါက်ပေါက်နှင့် မျက်စောင်းများစွာလက်ဆောင်ပေးလိုက်လေသည်....
[ကိုကိုကတော့လေ မျက်စောင်းလေးကအစ ချစ်ဖို့ကောင်းတုန်းပဲ...အားးးးးးးချစ်စရာလေးကွာ!] ထိုစကားကိုတော့ရှောင်းကျန့်စိတ်ထဲကနေပဲပြောလိုက်မိသည်။အပြင်မှာပြောရင် စောက်ခွက်အထိုးခံရမှာ100%လေ ဗ ဟတ် ဟတ်ಥ‿ಥ
"သားတို့ကသိနေကြပြီးသားဆိုတော့လဲ ကောင်းတာပေါ့ကွယ်..ခြံထဲမှာစကားသွားပြောကြလေ။မားမားတို့နှစ်ယောက်စကားပြောအုန်းမယ်"
"အော်.....ခန သားဟောက်ရွမ်းရေ..မီးဖိုထဲကသားအဒေါ်ကိုခနသွားကူလိုက်ပါအုန်းကွယ်။သူခဗျာတစ်ယောက်ထဲ.."
"ဟွန့် ပြီးတာပဲမားမားရာ"
"ကိုကို ခြံထဲသွားကြမယ်လေ.."
"အင်း"
ပြုံးဖြီးကာထွက်သွားသောကောင်လေးနှင့်သူ့လက်ဆွဲရာနောက်တွင်ပါသွားသော စူပုတ်ပုတ်နှင့်ကောင်လေးနှစ်ဦးတို့သည် သူတို့နောက်တွက်လက်ဝါးချင်းရိုက်ကာပြုံးဖီး၍အစီအစဉ်အောင်ပီဟူသော ပုံစံနှင့်မားမားနှစ်ယောက်ကိုတော့မမြင်ခဲ့......
---------------------------------
ခြံထဲရှိဒန်းလေး၌ တိတ်ဆိတ်နေသောကောင်လေးနှစ်ယောက်က ငြိမ်သက်စွာထိုင်လျက်....ထိုအခြေအနေကိုမနှစ်သက်သောရိပေါ်ကပဲ စကားစလိုက်ရသည်။
YOU ARE READING
ချစ်နေသေးတယ်....မောင် [Completed]
Fiksi PenggemarZhanyi Fanfiction.. Fic Cover Is From Printest.