7

1.8K 167 30
                                    

Yoongiအိမ်ကလူတွေလိုက်ရှာနေမှာစိုးလို့Namjoonအိမ်ပြန်ပို့ပေးဖို့တွေးမိသည်။အဲ့တာကြောင့်ပင်အကောင်ငယ်အားအိမ်ထဲပက်ရှာမိသည်။အိမ်မှာသုံးလေးရက်လောက်ရှိနေပြီမို့သူလဲနေသားကျသွားပုံပင်...ဧည့်ခန်းထဲကဆိုဖာထက်ဂိမ်းဆော့ရင်းအိပ်ပျော်နေလေသည်။

Namjoonလည်းဖြေးညှင်းစွာအနားကပ်သွားရင်းဖုန်းအားဖယ်ပေးလိုက်သည်။အကောင်ငယ်ကမနှိုးပဲပါးစပ်တပြင်ပြင်နဲ့ပြန်အိပ်သွားသည်။ချစ်စရာတော့ကောင်းသား...

"ချာတိတ်...ပြွတ်"

စချင်စိတ်လေးပေါ်လာတာမို့နဖူးအားနမ်းလိုက်ရင်းအခြေအနေကြည့်နေမိသည်။အကောင်ငယ်ကသိတောင်မသိ....နှုတ်ခမ်းအားတစ်ကြိမ်ထပ်နမ်းလိုက်တော့စိုအိအိနူးညံ့တဲ့နှုတ်ခမ်းလွှာကသူ့အားအသည်းယားစေသည်။ပါးပြင်ပေါ်အုပ်ကိုင်ရင်းစုပ်ယူမိလိုက်သည်။အပေါ်နှုတ်ခမ်းလွှာအားစုပ်ယူလိုက်ရင်းလျှာဖြေးဖြေးချင်းတိုးဝင်မိသည်။အာခံတွင်းတစ်ခုလုံးစိတ်ကြိုက်သုံးဆောင်ရင်းအရသာခံမိသည်။

"အွင်း...ဖယ်...အသက်ရှူ..အွင်း....အွတ်...ဖယ်"

ရင်ဘက်အားလက်သီးလေးနှင့်ရိုက်ဖယ်လာတဲ့အကောင်ငယ်လက်ကောက်ဝတ်ကကိုင်ရင်းဖိချုပ်ထားလိုက်သည်။

"ဖယ်...အွတ်"

သူမဖယ်မိတော့အောက်နှုတ်ခမ်းကိုကိုက်ခဲခံလိုက်ရသည်။နောက်ပြန်ဆုတ်ရင်းနှုတ်ခမ်းအားလက်နှင့်ပွတ်ဖို့လုပ်တော့အကောင်ငယ်ကလက်ကိုဆွဲရင်းနှုတ်ခမ်းပါးကိုပြန်နမ်းလာသည်။ငြိမ်နေပေးရမလား...ဝေမခွဲချင်....သွေးတစ်ချို့အားစုပ်ယူခံလိုက်ရတာကစပ်ဖျဥ်းဖျဥ်းဖြစ်သွားပေမယ့်....အကောင်ငယ်နဲ့မို့ပျော်မိသည်။

"ချာတိတ်"

နှုတ်ခမ်းလွှာတို့ဖယ်လိုက်ချိန်မှာတော့မြတ်နိုးရာနမည်လေးအားခေါ်မိသည်။အကောင်ငယ်လေးမျက်ရည်ဝဲနေတော့လန့်သွားသား

"ဘာဖြစ်လို့လဲ"

"နာသွားလား....ခင်ဗျားကအရမ်းနမ်းနေတော့အသက်ရှူမရတော့လို့ကိုက်မိလိုက်တာ"

Namjoonခေါင်းခါပြရင်းခေါင်းလုံးလုံးလေးအားပွတ်သပ်ပေးလိုက်သည်။

ချာတိတ်Место, где живут истории. Откройте их для себя