ဆူညံနေတဲ့သံစဥ်တွေထဲမှာအရက်ပုလင်းအားကိုင်ရင်းမူးရူးနေတဲ့ဖြူစုတ်စုတ်ကောင်လေး....မျက်ခွံတွေကမပွင့်သော်သော်လည်းလက်ရဲဇက်ရဲရှိတာမို့အနီးနားကမိန်းကလေးတွေပေါင်ပေါ်မှာပြေးလွှားနေသည်။
"Yoongi...မင်းအဘိုးကြီးဖုန်းဆက်နေတယ်"
သူနဲ့sizeသိပ်မကွာလှတဲ့ကောင်လေးကအရက်ခွက်လေးကိုင်ကာသူ့အနားရောက်လာရင်းပြောတော့
"ထားလိုက်ကွာအာရုံတွေများတယ်....ဒီညငါဒီကလုံးဝမပြန်ဘူး"
Taehyungဆိုတဲ့ရုပ်ချောချောကောင်လေးကသူ့ပခုံးအားလှမ်းကိုင်ရင်း
"မပြန်ချင်လို့တော့မရဘူး....အိမ်မပြန်ချင်လဲဒီနားကHotelတစ်ခုမှာသွားတည်းတာပေါ့...ဘယ်လိုလဲ"
Yoongiမျက်ခုံးပင့်ကာလက်ခံလိုက်သည်။
"မင်းဘိုးတော်ထပ်ဆက်ပြန်ပြီ"
Jiminသူကိုင်ထားတဲ့ဖုန်းအားပြတော့လက်ထဲကဖုန်းအားဆက်ခနဲဆွဲယူကာပစ်ခွဲလိုက်သူ
"သူငါ့ကိုပိုက်ဆံမပေးတဲ့ရလဒ်ကိုကောင်းကောင်းတုန့်ပြန်ရမယ်"
➖➖➖➖➖➖➖➖➖➖➖➖➖➖
Hotelမှာလည်းဆက်သောက်နေတဲ့Yoongiကြောင့်Taeတို့သြချမိသည်။လူကသာသေးတာအတော်သောက်နိုင်သည်....
"Jiminမင်းအကျီချွတ်"
Jiminအသာတကြည်ချွတ်ပေးလိုက်သည်။Yoongiကstraightပေမယ့်....six packတွေကိုင်ရတာကြည့်ရတာအရမ်းနှစ်သက်သူပင်....Jiminဗိုက်ပေါ်ကပေါင်မုန့်အားကိုင်ရင်း
"အဟင့်....ငါ့မှာဘာကိစ္စမရှိတာလဲ....ဒီလိုကိုယ်ဝန်ရှိသလိုပူနေတဲ့ဗိုက်ကိုဘယ်သူမွေးဖွားလိုက်တာလဲ"
ထင်တဲ့အတိုင်းပဲစရစ်ပါပြီ....ဘယ်လောက်ဆိုးဆိုးမူးရင်ရစ်တတ်တာကလေးတစ်ယောက်လို...Taeကရီကာ
"တော်ပြီအိပ်တော့....မင်းဗိုက်ကဘီယာတွေအောင်းထားတာကိုး....အရမ်းလည်းမပူပါဘူး...slimတော့ဖြစ်ပြီးခါးသိမ်ပါတယ်ကွ....လှပြီးသား"
Yoongiအံကြိတ်ကာရှေ့ကပုလင်းကိုရိုက်ခွဲလိုက်သည်။
"မင်းဘာစကားပြောတာလဲ....ငါ့ခါးသိမ်ပြီးလှရအောင်မိန်းမထင်နေတာလား....ဟမ်"
![](https://img.wattpad.com/cover/274193737-288-k99608.jpg)
YOU ARE READING
ချာတိတ်
Romanceချာတိတ်....တစ်ခါတစ်လေကိုယ်ပြောတာနားထောင်ပါဦး Kim Namjoon ခင်ဗျားကိုဖက်ထားလို့ပြောတယ်လေ.... Min Yoongi