Yoongiတစ်ယောက်ဆိုဖာမှာထိုင်ရင်းကြည့်မရတဲ့မြင်ကွင်းအားကြည့်ရင်းဒေါသထွက်နေမိသည်။Roseဆိုတဲ့ဟာမလေးကရုံးခန်းထဲတံခါးမခေါက်ပဲဝင်လာတဲ့အပြင် စကားပြောပုံကလည်းNamjoonနဲ့သူကခွဲမရတဲ့လူွေလို
"Yoongiသိလား Namjoonကလေငယ်ငယ်ကဆိုသေးပေါက်ချနေကြအိပ်ယာထဲမှာ"
Roseဆီကပြုံးရယ်ရင်းပြောလာတဲ့စကားကိုသူပြန်မပြုံးပြမိ
"နင်လည်းပေါက်ချတာပဲ"
ပေးပြန်ပြီအဲ့ရက်ရက်ရောရောအပြုံးတွေသူများကို ကျနော့်အတွက်ပဲဖြစ်ရမှာလေ
Yongiလက်သီးလေးတွေပင်ဆုပ်ထားမိသည်။ပြေးထိုးလိုက်ရမလားတွေးနေတာလည်းအခါခါ
"ငါတို့လင်မယားလုပ်တိုင်းဆော့တုန်းကလေမှတ်မိလား ဘေးအိမ်ကချီးထုပ်လေးကသားလုပ်တာလေမှတ်မိသေးလား"
"မှတ်မိတာပေါ့ ငါ့အိမ်နေ့တိုင်းလာဆော့နေကြပဲကို"
Yoongiဒေါသထိန်းချင်မိသည်။Namjoonကိုမျက်နှာမပျက်စေချင်တာလည်းပါသည်။ကိုယ့်ရည်းစားနဲ့အမှတ်တရရှိခဲ့တာလာပြောနေတာဘယ်သူကြိုက်မှာလဲ နာကျင်ရတယ်
"ဒါနဲ့မနက်ဖြန်ကျရင်အထက်တန်းကျောင်းတုန်းကစားခဲ့တဲ့ခေါက်ဆွဲဆိုင်လေးမှာတွေ့ကြမလား"
Roseဆီကချိန်းဆိုချက်ကြောင့်Namjoonကခဏတာစဥ်းစားနေပုံပင်
"ကျနော်အပေါ့သွားလိုက်ဦးမယ်"
Yoongiရှောင်ထွက်ချင်တာကြောင့်ခပ်မြန်မြန်ပြောရင်းထွက်လာလိုက်သည်။ရုံးခန်းပေါက်ဝရောက်မှအောက်နှုတ်ခမ်းအားဖိကိုက်ရင်း
"ခင်ဗျားနဲ့ကျနော်တွေ့ကြသေးတာပေါ့ ဟင်း"
Yoongiပြောရင်းဦးတည်ချက်ကရုံးကများပြားလှတဲ့ကောင်မလေးတွေဆီ
"ဟိတ် ကောင်မလေး"
Yoongiကွန်ပျူတာတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ကောင်မလေးနားကပ်ရင်း
"ဟိုလေ အိမ်သာဘယ်မှာလည်းသိလို့ရမလား"
Yoongiအမေးကြောင့်ထိုကောင်မလေးကသူ့အားပြုံးပြရင်းညာဘက်ကိုလက်ညိုးထိုးပြလာသည်။

VOUS LISEZ
ချာတိတ်
Roman d'amourချာတိတ်....တစ်ခါတစ်လေကိုယ်ပြောတာနားထောင်ပါဦး Kim Namjoon ခင်ဗျားကိုဖက်ထားလို့ပြောတယ်လေ.... Min Yoongi