Namjoonရင်ခွင်ထဲအိပ်ပျော်နေတဲ့ကောင်လေးကြောင့်အိပ်ယာနိုးနိုးချင်းမှာတင် မင်္ဂလာရှိတဲ့နေ့ဟုတန်းတွေးမိသည်။ကောင်လေးအိပ်နေတာမနိုးအောင်သတိထားရင်းထလိုက်သည်။အနည်းငယ်လှုပ်သွားပေမယ့်မနိုးတာပင်ကျေးဇူးတင်ရမည်
Namjoonအောက်ထပ်ဆင်းလာရင်းမနက်စာပြင်ဆင်မိသည်။ချာတိတ်နိုးလာရင်ဗိုက်ဆာနေမှာမို့ကြိုပြင်ပေးထားတာဖြစ်သည်။မနေ့ကပြန်လိုက်ပို့မို့ပေမယ့်...ဒီနေ့တော့မပို့ချင်တော့အိမ်မှာထားပြီးအနားကပ်နေချင်သည်။
"ခင်ဗျားဘယ်အချိန်တည်းကနိုးနေတာလဲ"
အိမ်ပေါ်ကဆင်းလာရင်းသူအားမေးနေတဲ့အိပ်မှုံဆုပ်ဖွားနဲ့ကောင်လေးကအသည်းယားစရာ
"ချာတိတ်...ဒီကိုလာပါဦး"
Namjoonလက်တို့ဆန့်တန်းပေးကာဖက်ချင်လို့တောင်းဆိုတော့လက်ခလယ်ထောင်ပြကာကျောခိုင်းထွက်သွားသည်။Namjoonလည်းလက်တို့အားပြန်ချလိုက်ရင်း
"အော်....အင်းပါ"
Namjoonလည်းသူ့ဘာသာသူဆက်ချက်ပြုတ်နေလိုက်သည်။
"ခင်ဗျားဘာဟင်းချက်နေတာလဲ"
မျက်နှာသစ်ပြီးပြန်လာတော့အသားရည်ဖြူနုနုပေါ်ရေစက်တို့ကလှလှပပစီးကျနေတာ...ရေတွေတောင်မနာလိုဖြစ်မိတယ်....သိပ်လှတယ်ချာတိတ်
"ချာတိတ်....ဗိုက်ဆာနေပြီလား"
"အင်းနည်းနည်းပါ"
Namjoonသူချက်ထားတဲ့Sandwishပန်ကန်အားပေးလိုက်တော့ပြုံးရယ်နေတဲ့ကောင်လေး
"ခင်းဗျားဟင်းချက်တာတော်သားပဲ....အတော်ပဲကျနော်ကဟင်းမချက်တတ်ဘူး"
(နင်မသိလို့ပါYoongiရယ်...အပြင်မှာဆိုမီးပါလောင်တယ်😏)ပြောရင်းစားနေတဲ့ကောင်လေးနားဝင်ထိုင်လိုက်ရင်း
"ကိုယ့်အလုပ်လိုက်ခဲ့ပါလား.."
"မလိုက်ချင်ပါဘူး"
"ချာတိတ်ကအိမ်မှာတစ်ယောက်တည်းနေမလို့လား....ပျင်းနေမှာပေါ့"
"အာ့ဆိုလိုက်မယ်"
Namjoonပါးဖောင်းဖောင်းအားနှုတ်ခမ်းနှင့်ထိကပ်လိုက်ရင်း

YOU ARE READING
ချာတိတ်
Romanceချာတိတ်....တစ်ခါတစ်လေကိုယ်ပြောတာနားထောင်ပါဦး Kim Namjoon ခင်ဗျားကိုဖက်ထားလို့ပြောတယ်လေ.... Min Yoongi