15

1.6K 164 5
                                    

"ခင်ဗျားကဘာဖြစ်နေတာလဲ ဘာမှမဖြစ်ဘူးလို့ပြောတယ်မလား"

"Yoongiကိုယ့်စကားကိုလာလို့အလေးမထားရတာလဲ ကိုယ်ပြောနေတာမင်းအတွက်နော်"

Namjoonသူ့အားမျက်စောင်းထိုးနေတဲ့Yoongiပခုံးအားကိုင်ရင်းခပ်ကြမ်းကြမ်းလှုပ်ခါမိသည်။Yoongiကသူ့ရင်ဘက်အားပြန်တွန်းထုတ်ကာ

"ခင်ဗျားကရော ဘာလို့ကျနော့်ကိုအခေါ်အဝေါ်တွေပြောင်းနေတာလဲ"

"ကိုယ်တကယ်စိတ်ပျက်လာပြီကွာ အခုမင်းမှားနေလို့ ကိုယ်သေချာမေးနေတာလေ ကိုယ်သိချင်တယ် ကိုယ်ပိုင်ဆိုင်တဲ့မင်းကိုဘယ်သူကဘယ်အဆင့်ထိ ထိကိုင်လိုက်လဲ"

"ခင်ဗျားကအခုတော့စိတ်ပျက်နေပြီပေါ့ ငြီးငွေ့ရင်ငြီးငွေ့နေပြီပြောလိုက် ကျနော်ကလေ ခင်ဗျားနဲ့မတွေ့ခင်တည်းကဒီပုံစံပဲ ခင်ဗျားပဲဒီပုံစံကိုချစ်ခဲ့တာမဟုတ်ဘူးလား အခုမှ ကျနော့်ဘဝကိုထိန်းချုပ်နေတာလား ကျနော်နေချင်သလိုနေမယ် ကျနော်လုပ်ချင်ရာလုပ်မယ် ခင်ဗျားပဲသည်းခံပေးမယ်ဆို ဘာလို့ လာအော်နေတာလဲ ကျနော်ပြောပြီးသား မနေ့ကလူနှစ်ယောက်ကကျနော်နဲ့ဘာမှမဆိုင်ဘူး ကျနော့်ကိုTopဖြစ်နိုင်အောင်သင်ပေးနေတာ "

"မဆိုင်ပေမယ့် မင်းကိုအဲ့လိုထိနေတာ ငါကကြည့်နေရမှာလား ဟမ် ပြောလေ ပြီးတော့Top ဟုတ်လား မင်းကိုယ်တိုင်Bottomထိုင်ခဲ့တာလေ"

Namjoonအခုချိန်ထိသူ့အမှားသူမသိတဲ့Yoongiအားဘာဆက်ပြောရမှန်းတောင်မသိ

"အဲ့တော့ ခင်ဗျားက ကျနော့်ပုံစံကိုသဘောမကျဘူးပေါ့ အဲ့တာဆိုလမ်းခွဲမယ် ကျနော်ကအရင်ထဲကဒီပုံစံပဲ ဒီပုံံကိုလက်ခံနိုင်တဲ့သူကိုပဲလက်ထပ်မယ် ရော့ ခင်ဗျားလက်စွပ်"

ချွင်ခနဲ ကြမ်းပြင်ပေါ်ခသွားရှာတဲ့လက်စွပ်ကအသက်မဲ့စွာ သူ့ဆီကကျောခိုင်းထွက်ခွာသွားသူအားပြန်တောင်းပန်ချင်သည်။သူ့ဘဝမှာအနာကျင်ရဆုံးအချိန်ပဲ ဟင့်အင်း မင်းထားခဲ့တာကိုယ်မခံစားနိုင်ဘူး

"Yoongi Yoongi ကိုယ်တောင်းပန်ပါတယ် ထပ်မအော်တော့ဘူး "

Namjoonအပြေးလိုက်သွားပေမယ့်သူ့လက်အားခါထုတ်သွားတဲ့Yoongi

ချာတိတ်Where stories live. Discover now