ထွက်သွားတဲ့ ကျောပြင်ပိစိလေးကို
ကြည့်ကာ Jisoo မျက်မှောင်ကုတ်ပြီး အတွေးနယ်ချဲ့နေမိသည် ။ဘယ်လိုကလေးမလေးပါလိမ့် ...
ဝင်လာကတည်းက ခေါင်းကြီးငုံ့ပြီး Director ကြီးနောက်ကနေ စုန်းစုန်းမြုပ်နေအောင် ကပ်လိုက်လာကာ File လေးကို ဆုပ်ကိုင်ထားတာမို့ သူ့လက်သေးသေးလေးတွေက မြင်နေရသည် ။ Director ကြီး
ဘယ်က ကလေးပေါက်စလေးကို
ခေါ်လာတာလဲလို့ပင် တွေးမိသေးသည် ။ အတွင်းရေးမှူး လာလျှောက်တာနဲ့
လားလားမှမဆိုင် ။ အရင် Jisoo ဆီကို အတွင်းရေးမှူး လာလျှောက်တယ်ဆိုပြီး ရောက်လာတဲ့ သူတွေတိုင်းက
တည်တည်ငြိမ်ငြိမ် သပ်သပ်ရပ်ရပ်နဲ့
လူအထင်ကြီးအောင် ဂိုက်ဖမ်းလာတဲ့ လူတွေချည်းသာများသည် ။ အခု ဒီကလေးမကတော့ အူကြောင်ကြောင်လေးနဲ့
လှမ်းပေးတဲ့ File တောင် တွန့်ကြေလို့ ။Irene Unnie ထောက်ခံပေးထားလို့ စိတ်ချရမယ်ဆိုတာ ယုံကြည်စိတ်နဲ့ အရည်အချင်းတွေကို လေ့လာကြည့်တော့လည်း
မဆိုးပါဘူး ။ ဆိုးတာက စကားပြောတာပဲ ။ ဝင်လာခါစက ပုံစံနဲ့မို့ ကိုယ့်ကိုများကြောက်နေမလားဆိုပြီး ထင်လိုက်မိတာ တက်တက်စင်အောင် လွဲတာပါပဲ ။
ရွှန်းလဲ့တောက်ပနေတဲ့ စူးရှရှမျက်ဝန်းတွေနဲ့ ရွှန်းစားစားကြီး စိုက်ကြည့်ပြီး တစ်ချက် တစ်ချက် ထပြောလိုက်တဲ့ စကားတွေက
လူတောင် ကြောင်တောင်တောင် ဖြစ်သွားရတာမျိုး ။ ပွင့်လင်းတာလား သူပြောတဲ့ စကားအဓိပ္ပာယ်ကို သူမသိတာလားတော့ မသိ ။ Foreign က လာတယ်ဆိုတော့လည်း ဒီလောက်တော့ ရှိမှာပါလေလို့သာ Jisoo
ဖြည့်တွေးလိုက်မိသည် ။
Irene Unnie နဲ့တူလို့ စကားကို တဲ့တိုးပြောတတ်တာလည်း ဖြစ်နိုင်သည်လေ ။ ညီအစ်မနှစ်ယောက်က တူတော့တူသည် ။ ဘယ်နားက တူနေမှန်းမသိပေမယ့် ဆွဲဆောင်မှုရှိပုံချင်းတော့ တူကြသည်လို့ Jisoo ကောက်ချက်ချမိသည် ။ တစ်ခုရှိတာက Unnie အလုပ်လုပ်ခဲ့တဲ့ ၈ နှစ်လုံးလုံး
သူ့ဆီမှာ ညီမဝမ်းကွဲ ရှိတယ်လို့
ပြောသံမကြားမိသလို Ruby Jane ဆိုတာလည်း Unnie ဆီက ကြားဖူးတာ မဟုတ်မှန်း Jisoo သေချာမှတ်မိနေသည် ။ ဒီနာမည်ကို ဘယ်ကနေကြားဖူးနေမှန်းမသိပေမယ့် စိတ်ထဲထင့်နေတာတော့ ဘာလို့မှန်းမသိ ။ သူက မကြိုက်ရင် မှတ်ပုံတင်ထဲကပါ
ဖျက်လိုက်မယ်လေတဲ့ ။ ဘယ်လိုကောင်မလေးမှန်းမသိ ။ သူ့ကြည့်ရတာ Jisoo ဖျက်လိုက်ဆို တကယ်ကြီး လုပ်မယ့်ပုံပင် ။ စိတ်ထဲ မသက်မသာဖြစ်လာတာမို့ လိုလိုပိုပို အမျိုးသမီးရှိကြောင်း ကြိုပြောတဲ့အနေနဲ့ တိုင်ပင်အုန်းမယ်ပြောလိုက်တော့လည်း သူ့ကြည့်ရတာ မထူးဆန်းသွားတဲ့ ပုံပဲ ။ ကိုယ့်အကြောင်းကို သေချာသိပြီးမှ
လာတာတော့ ဖြစ်ပုံရသည် ။ သူ အလုပ်ရမယ်ဆိုတာလည်း သေချာနေတဲ့ ဟန်လေးနဲ့မို့ ထပ်ချိန်းလိုက်ရတာ စိတ်မကောင်းတော့
ဖြစ်မိပေမယ့် မတတ်နိုင် ။ LiLi နဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ရမယ့် ကိစ္စမလား ။ အရှေ့က အတွင်းရေးမှူး တွေ တစ်ယောက်ပြီး တစ်ယောက် အလုပ်ထွက်ကြတာကလည်း
LiLi ကို မဟုတ်တာပြောတဲ့သူနဲ့ ကိုယ့်စိတ်နဲ့မကိုက်လို့ အဆင်မပြေတာနဲ့ ကိုယ့်ကို ကြောက်ပြီး ထွက်ကြတာနဲ့မို့ တစ်ယောက်မှ မမြဲ ။ နောက်ဆုံး Irene Unnie ကိုယ်တိုင် ထောက်ခံပေးတဲ့သူကိုတော့ LiLi နဲ့တိုင်ပင်ပြီး သေချာခန့်မှကို ဖြစ်တော့မည်လေ ။
YOU ARE READING
YOU,THE ONLY ONE - II
Fanfictionအချစ်က ရယူခြင်းသက်သက်ပဲလို့တော့ ကျွန်မ ဗီလိန်ဆန်ဆန် မပြောချင်ဘူး... ဒါပေမယ့် ရှင့်ကို ပိုင်ဆိုင်ရဖို့အတွက်တော့ ရှင်ဘာပဲဖြစ်နေပါစေ ကျွန်မဂရုမစိုက်ဘူး... ရှင့်ကို ချစ်နေရရင် ရှင့်အနားမှာနေရရင်ကို ကျွန်မကျေနပ်တယ်... ဘာလို့ဆို ရှင်က ကျွန်မအတွက် တစ်ဥ...