Episode - 5

782 98 4
                                    




" Hi Welcome Home ,  Secretary Kim "


Jennie တိုက်ခန်းထဲ ဝင်လိုက်တာနဲ့
ဆိုဖာပေါ်မှာ အခန့်သားထိုင်နေတဲ့ Chaeyoung က လက်ကလေးပြပြီး
ပြုံးကာ နှုတ်ဆက်သည် ။
တကယ်တော့ သူ တမင်သက်သက် စပြီး Secretary Kim လို့ ခေါ်ခြင်းဖြစ်သည် ။ Jennie လည်း သွားဖြဲပြီး ပြန်ပြုံးပြလိုက်ကာ

" Thank you,  Park Chaeyoung Shi "

" အာ... Rosie လို့ပဲ ခေါ်ပါ  Jennie Unnie ကလည်း "

" အယ်... Chae လေး အရင် လာစတာလေ ဟဲဟဲ "


" အမယ်... တော်ပါ... ဘာ Chae လေးလဲ ။ Rosie ပဲ ခေါ်နေကျ Rosie လို့ပဲခေါ်... Chae ရဲ့ Unnie ခေါ်သလို လိုက်မခေါ်ပါနဲ့နော် ..
ဟွန့် "


" ဟီးဟီး... မသိဘူး ။ Ji ခေါ်တာလေးကို
ပိုသဘောကျတယ်... Chae လေးပဲ "


မျက်နှာပြောင်ပြီး လျှာထုတ်ပြလိုက်ကာ ဆိုဖာထဲ ခြေပစ်လက်ပစ် ဝင်ထိုင်လိုက်ပြီး Chaeyoung ခပ်ထားပေးတဲ့ ရေခွက်ကို
မော့ချလိုက်သည် ။
အလုပ်စစချင်းနေ့ဆိုတော့ ဘာတွေ မောလို့ မောမှန်းမသိ ။ လူက တော်တော်တော့
ပြိုင်းနေပြီလေ ။


" တော်တော်ပျော်နေတယ် ဟုတ်လား Jennie Unnie.. မျက်နှာကြီးကို ဖြီးနေတာပဲ...  "


" အာ... ပျော်တယ်ရယ်လည်း မဟုတ်ပါဘူး Rosie ရယ်... သင်တန်းဖွင့်တာထက်စာရင် ပင်ပန်းတယ်ဟ။
ခေါင်းလည်း ရှုပ်ရတယ်...ဖူးး.... "

" အမယ်... ဒါပေမယ့် Unnie အနားမှာနေရတဲ့အတွက် မမောဘူးမလား ဟွန့် မသိရင်ခက်မယ်နော် Jennie Unnie "


" ဟီးးး Rosie ကလည်း သိရဲ့သားနဲ့... "

" အင်းပါ... သိပါတယ်နော်... Chae လည်း အဲ့လိုမျိုးပဲ ဖြစ်စေချင်တာပါ... Unnie က Jennie Unnie အပေါ်မှာတော့ ဆက်ဆံတာ အဆင်ပြေသားပဲနော်.. နေ့လည်က Chae နဲ့စကားပြောနေတာကိုတောင် Unnie ကို ထွက်မသွားခိုင်းဘူးမလား ။ ပထမဆုံးနေ့မှာတင် ဒီလိုအခြေအနေဆိုတော့ သူ Unnie ကို သူစိမ်းတစ်ယောက်လို မမြင်ဘူးနေမယ်.. .Chae တောင် အံ့သြသွားတယ်.. Unnie ဘယ်လိုများ မျက်လှည့် ပြလိုက်တာလဲဟင် "


" Ah... အာ... ဟဲဟဲ... အဲ့ဒါက  ဟို... Irene Unnie လည်း ပြောပေးထားလို့ နေမှာပါ ... U.. Unnie ကို Ji က Irene Unnie ရဲ့ ညီမလေးဆိုပြီး ပို... ပိုခင်သွားတာနေမှာပါ "


YOU,THE ONLY ONE - IIHikayelerin yaşadığı yer. Şimdi keşfedin