Episode - 17

1K 111 11
                                    


" Ji...  မပြေးပါနဲ့နော်...Ji...  Ji !!!! "

" Unnie... သတိထားလေ... Unnie..."

Chaeyoung သတိမေ့နေရင်းကနေ
ယောင်ပြီး ထအော်တဲ့ Jennie Unnie ရဲ့ လက်ကလေးကို ကိုင်ရင်းသတိပေးနေမိသည်  ။ ခေါင်းကို ယမ်းရင်းနဲ့ ရုတ်တရက် လန့်နိုးပြီး မျက်လုံးပွင့်လာတဲ့ Jennie က Chaeyoung ကိုမြင်တော့ အတင်းထမလို့ ပြင်သည် ။

" Arhh... "


ခေါင်းက နာကျင်မှုနဲ့အတူ မူးဝေသွားတာကြောင့် မျက်လုံးစုံမှိတ်လိုက်ရင်း
ပြန်လဲကျသွားရသည် ။


" ဖြည်းဖြည်း... Unnie.. ဖြည်းဖြည်း... အရမ်းထလို့မရသေးဘူးလေ Unnie ရဲ့ ခေါင်းထိထားတာလေ "


Chaeyoung ပြောမှ ကိုယ့်ခေါင်းကို ကိုယ်စမ်းမိတော့ ပတ်တီးထူထူကို စမ်းမိသည် ။ဘာဖြစ်သွားတာပါလိမ့်ဆိုပြီး
အသဲအသန်စဥ်းစားမိတော့ ခေါင်းထဲပေါ်လာတဲ့ ပုံရိပ်လေးက Ji ။



" Rosie... Rosie yaa... Ji ရောဟင်...
Ji ဘယ်မှာလဲ.. Ji ဘာမှမဖြစ်ပါဘူးနော်.. ဟုတ်တယ်မလား "


ပြာပြာသလဲ မေးရင်း ထမလို့ လုပ်နေတဲ့ Jennie Unnie ကို Chaeyoung ပခုံးလေးကို ဖိထားရင်းသာ စိတ်လျှော့ဖို့
ပြောနေရသည် ။


" ဘာမှ... ဘာမှမဖြစ်ပါဘူး Unnie ရယ်... Unnie အရမ်းစိတ်မလှုပ်ရှားနဲ့နော်... Ji.. Jisoo Unnie က ဘာမှ... ဘာမှမဖြစ်ပါဘူး "

အသံလေးတိမ်ဝင်သွားပြီး ခေါင်းငုံ့သွားတာတဲ့ Chaeyoung ကို Jennie သေချာလိုက်ကြည့်နေမိသည် ။
Chaeyoung က ညာနေတာပဲ ...

" U.. Unnie Ji ကို တွေ့ချင်တယ် Rosie..
Ji ဘာမှမဖြစ်တာ Unnie မြင်ရမှ ယုံမယ်... အခု.. အခုချက်ချင်း Ji ကို တွေ့ရမှ ဖြစ်မယ် Rosie "


" Unnie ရယ်... Chae တောင်းပန်ပါတယ် ။ တောင်းပန်ပါတယ် Unnie ရယ် အခုချိန်.. အခုချိန်မှာ  သူ့ကို တွေ့လို့ မရသေးလို့ပါ ... Chae တောင်းဆိုတာပါနော် ။ Unnie
နေကောင်းအောင်သာ အရင်လုပ်ပါ "


" ဟင့်အင်း... Ji ... Ji ကို ဘာလို့တွေ့လို့မရ ရမှာလဲ... Rosie yaa... Unnie ကို အမှန်အတိုင်းပြောစမ်းပါ Ji ကို ဘာလို့တွေ့လို့မရရမှာလဲ... Ji ဘာဖြစ်လို့လဲဟင် "


YOU,THE ONLY ONE - IIDonde viven las historias. Descúbrelo ahora