-------One Month Later ------
" Chaeyoung yaa... Ji ကို
အမြဲစောင့်ရှောက်ပေးခဲ့တဲ့အတွက် ငါ
နင့်ကို ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်ဟာ ။ နင်က ငါ့ရဲ့ ထာဝရသူငယ်ချင်းကောင်းတစ်ယောက်ပါ ။ ဒီဘဝမှာ
နင့်အချစ်ကို ငါ လက်မခံခဲ့ပေမယ့်
နောက်ဘဝတွေမှာ ထပ်ဆုံဖြစ်ခဲ့ရင်တော့ နင့်အချစ်ကို ငါ လက်ခံနိုင်အောင် ကြိုးစားပါ့မယ် ။ ငါ နင့်ကို လာနှုတ်ဆက်တာ ... Chaeyoung yaa... ငါ့သူငယ်ချင်းလေး ကောင်းကောင်းနေခဲ့နော်... "" Lisa yaa... Lisa... Lisa !!! "
Chaeyoung အလန့်တကြားနဲ့ မြင်နေရတဲ့ Lisa ရဲ့ ပုံရိပ်လေးကို လှမ်းဆွဲလိုက်ပေမယ့် တကယ်တမ်း လှမ်းဆွဲမိတာ လေဟာနယ်တစ်ခုသာ ။
အားနဲ့ဆွဲယူပြီး ထလိုက်တော့ လူက ကုတင်ပေါ်မှာ ငုတ်တုတ်ထထိုင်လျက်သား ။
မြန်နေတဲ့ နှလုံးခုန်သံက အတိုင်းသားကြားနေရသလို သူကြားခဲ့တဲ့ Lisa ရဲ့
အသံကလည်း တကယ့်ကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ။
သူမြင်ခဲ့တဲ့ Lisa ရဲ့ ပုံရိပ်ဟာလည်း
ထင်ထင်ရှားရှားပင် ။Chaeyoung သတိဝင်ပြီး ဘေးဘီကို
ဝှေ့ကြည့်မိတော့ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်အပြင် ဖျော့တော့တော့ထိုးနေတဲ့ နေရောင်သာ အခန်းထဲမှာ ရှိသည် ။
အဲ့ဒီတော့မှ မိုးလင်းခါနီးကို သူ အိပ်မက်မက်နေကြောင်း သတိထားမိတော့သည် ။" ဖူးးး.... အိပ်မက်ပဲ... "
Chaeyoung သက်ပြင်းချကာ ခပ်တိုးတိုးရေရွတ်လိုက်တော့ နေရောင်ထိုးနေတဲ့ ပြတင်းပေါက်က ခန်းဆီးက
လေတစ်ချက်ဝှေ့တိုက်လိုက်မှုကြောင့် လှုပ်ယမ်းသွားခဲ့သည် ။ မဆီမဆိုင်
လေပြေလေးဝှေ့လိုက်တာကြောင့် ဖုတ်ခနဲ ပြုတ်ကျသွားတာက Chaeyoung စာအုပ်စင်က စာအုပ်လေးတစ်အုပ် ။" Arrshii... ညက တံခါးပေါက် မပိတ်ပဲ
အိပ်မိပြန်ပြီ "Chaeyoung တစ်ယောက်တည်း
ငြီးတွားရင်းနဲ့ ကုတင်ပေါ်က ထလိုက်ကာ ပြတင်းပေါက်ကို ပိတ်ပြီး ပြုတ်ကျသွားတဲ့ စာအုပ်လေးကို ကောက်ယူလိုက်သည် ။
သူ ဆေးကျောင်း တတိယနှစ်က စာအုပ်လေးဖြစ်ပြီး စာအုပ်က ဒီလောက်ထူတာ
လေလေးဝှေ့တာနဲ့ ပြုတ်ကျစရာလားလို့တောင် Chaeyoung တွေးနေမိသည် ။
YOU ARE READING
YOU,THE ONLY ONE - II
Fanfictionအချစ်က ရယူခြင်းသက်သက်ပဲလို့တော့ ကျွန်မ ဗီလိန်ဆန်ဆန် မပြောချင်ဘူး... ဒါပေမယ့် ရှင့်ကို ပိုင်ဆိုင်ရဖို့အတွက်တော့ ရှင်ဘာပဲဖြစ်နေပါစေ ကျွန်မဂရုမစိုက်ဘူး... ရှင့်ကို ချစ်နေရရင် ရှင့်အနားမှာနေရရင်ကို ကျွန်မကျေနပ်တယ်... ဘာလို့ဆို ရှင်က ကျွန်မအတွက် တစ်ဥ...