ပုံမှန်ဆိုရင်တော့ ကျွန်မရဲ့အသံကခပ်အေးအေးနဲ့ အနိမ့်အမြင့်အတက်အကျတွေကို ဒရာမာဆန်ဆန်လေသံလေးနဲ့ပြောတတ်တယ်။ကျွန်မအသံက လူတွေကိုတည်ငြိမ်သွားစေတဲ့စွမ်းအားရှိလို့ကျွန်မသူငယ်ချင်းတွေကပြောလေ့ရှိတယ်။သူတို့အတွက်ယုံကြည်ရလောက်တဲ့ ကြင်နာတတ်တဲ့အသံမျိုးပေါ့။ကျွန်မကအော်ကြီးဟစ်ကျယ်ပြောလေ့မရှိဘူး။အမြဲအေးဆေးတည်ငြိမ်တဲ့လေယူလေသိမ်းကိုမှ ခံစားချက်လေးတွေထည့်ပြီးပြောတတ်တယ်။ရွဲ့တဲ့တဲ့လေးတိုက်ခိုက်လိုက်တဲ့အခါမျိုးဆိုကျွန်မက ခပ်လှောင်လှောင်လေးရယ်တတ်သေးတယ်။ခဏလေးပါ။ဒါပေမဲ့ တစ်ခြားလူအတွက်တော့တကယ်ကသိကအောက်နိုင်တယ်။ရှင်ကတော့ဒါတွေသိနိုင်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ရှင်က ရှင့်စိတ်ကူးထဲကအသံတစ်ခုကိုသုံးပြီးကျွန်မအသံကိုပုံဖော်နေမှာဆိုတော့ ကျွန်မရဲ့တစ်ကယ့်အသံဘယ်လိုဆိုတာရှင်ဘယ်တော့မှခန့်မှန်းနိုင်မှာမဟုတ်ဘူး။ဒါတွေထားပါတော့ကျွန်မအကြောင်းလေးမိတ်ဆက်လိုက်ရအောင်။
မင်္ဂလာပါ...
ကျွန်မနာမည်ကတော့ သူဇာမြင့်ပါ။
ရင်းနှီးတဲ့သူတွေနဲ့ရပ်ကွက်ထဲကသူတွေကတော့ သူဇာလို့ပဲအလွယ်ခေါ်ကြတယ်။
ကျွန်မက မြန်မာပြည်၊ဧရာဝတီတိုင်း ဒေသကြီးကမြစ်ဝကျွန်းပေါ်မြို့လေးတစ်မြို့ဖြစ်တဲ့ မအူပင်မြို့မှာနေတယ်။မအူပင်မြို့ထဲကိုဝင်လိုက်ရင် ရေလဲလမ်းလို့ခေါ်တဲ့ကားလမ်းမကျယ်ကြီးတစ်ခုကစလိမ့်မယ်။ကားလမ်းမကျယ်ကြီးရဲ့သုံးပုံတစ်ပုံလောက်က မြို့ထဲကိုဝင်လာတဲ့အတိုင်းဆိုဘယ်ဘက်၊မြို့ထဲကထွက်မယ်ဆိုညာဘက်အခြမ်းမှာလမ်းသွယ်လေးတွေရှိကြတယ်။တစ်ချို့လမ်းတွေကဒီဘက်ရေလဲလမ်းကနေမြို့ဟိုဘက်ခြမ်းမှာရှိတဲ့ ဘုရားလမ်းထိပေါက်တယ်။တစ်ချို့ကတော့အဲ့လောက်မရှည်ဘူး။အဲ့ဒိလမ်းတွေအကုန်လုံးကခိုင် ဆိုတဲ့စာလုံးနဲ့စတယ်။ကျွန်မနေတဲ့လမ်းကတော့ ခိုင်လမ်းနှစ်ခုကိုဆက်ထားတဲ့ သီရိစံပါယ်ဆိုတဲ့လမ်းလေးမှာ။ကျွန်မအိမ်နံပါတ်ကတော့ ၁၇။
လျှို့ဝှက်ချက်တွေ၊ဖောက်ပြန်မှုတွေ၊သစ္စာဖောက်မှုတွေနဲ့ အတွင်းကေနလှိုက်စားနေတဲ့သူတွေအများကြီးက ကျက်သရေအပြည့်နဲ့ဖြူစင်ရိုးသားဟန်ဆောင်ထားတဲ့လမ်းနာမည်အောက်မှာ သူတော်ကောင်းယောင်ဆောင်ရင်းအေးချမ်းစွာနေကြတယ်။ဘယ်သူမှမတွေ့သေးတဲ့အလောင်းတွေ၊အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေနဲ့ ပန်ဒိုရာရဲ့သေတ္တာပေါင်းများစွာဟာ ဒီလမ်းလေးထဲမှာမြှုပ်နှံခံထားရတယ်။ပန်ဒိုရာသေတ္တာကိုဘယ်သူကမှမဖွင့်ရဲကြပေမဲ့ အချိန်တန်တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့်ဒီသေတ္တာလေးတွေပွင့်လာပြီး အနားကလူတွေအားလုံးဒုက္ခရောက်ကြရတယ်။လူတွေမေ့နေတတ်တာက လျှို့ဝှက်ချက်တွေဟာ တစ်ချိန်မှာအမြဲပေါ်တယ်ဆိုတာပဲ။အထူးသဖြင့်အိမ်ေထာင်ရှင်ေယာကျ်ားတွေက အိမ်ရှင်မတွေအပေါ်ဖုံးကွယ်ထားတဲ့အရာတွေပေါ့။အခုနေကျွန်မ အိမ်ထောင်ရှင်ယောက်ျားတစ်ယောက်ကိုတွေ့ရင် နားနားကပ်ပြီးတိုးတိုးလေး "မိန်းမအပေါ်လျှို့ဝှက်ချက်တွေလုံးဝမထားနဲ့နော်။အဆုံးသတ်ဘယ်တော့မှမကောင်းဘူး" ဆိုပြီးပြုံးပြုံးလေး သတိပေးလိုက်ချင်သေးတယ်။
YOU ARE READING
အိမ်ရှင်မတို့လျှို့ဝှက်ချက်
General Fictionလျှို့ဝှက်ချက်တွေ၊လူမှုရေးဖောက်ပြန်မှုတွေ၊မဖော်ရသေးတဲ့အလောင်းတွေနဲ့ပြည့်နေတဲ့ သီရိစံပါယ်လမ်း။ကိုယ့်ဘေးအိမ်ကအိမ်နီးချင်းအကြောင်းဘယ်လောက်သိထားတယ်လို့ထင်လဲ။သူတို့ကို သေချာဂရုစိုက်ကြည့်မိပြီဆိုတာနဲ့ အရင်ကသတိမထားခဲ့တဲ့ အရာတွေကို ဖြေးဖြေးချင်းသတိထားမိလ...