Tribute to beloved American TV show Desperate Housewives
အမေရိကန်TV show Desperate Housewivesကိုကြည့်ပြီးတော့ သူတို့လိုပဲအမျိုးသမီးတွေအကြောင်းကို အရမ်းရေးချင်လာတယ်။သူ့လိုပဲ လမ်းပေါ်ကသာမာန်မိသားစုတွေကြားက လျှို့ဝှက်ချက်တွေ၊crisisတစ်ခုဖြစ်လာချိန်မှာ ဒီသာမာန်အမျိုးသမီး၊အိမ်ရှင်မတွေကဘယ်လောက်ထိ သွားနိုင်လဲဆိုတာကို ရေးပြချင်တယ်။
ပုံစံမတူတဲ့သာမာန်အိမ်ထောင်ရှင်မတွေရဲ့ဘဝအကြောင်းတွေ၊အိမ်ထောင်ရေး၊အချစ်ရေးတွေ၊သူတို့ရဲ့Dramaတွေကြားထဲမှာ ဒီလမ်းပေါ်ကမှုခင်းတွေ၊လျှို့ဝှက်ချက်တွေကိုရောထည့်ပြီးမြင်ရတာကိုအရမ်းသဘောကျတယ်။မူရင်းTV showကိုတိုက်ရိုက်ကူးချထားတာမဟုတ်ပေမဲ့ Themes ကတော့တော်တော်ကိုတူတယ်။ Desperate Housewivesရဲ့ပုံစံက ရယ်စရာလေးတွေ၊အမျိုးသမီးတွေကြားကခနဲ့တဲ့တဲ့ cat fightလေးတွေ၊မှုခင်းတွေ၊ဘဝဖြတ်သန်းပုံတွေ၊သူငယ်ချင်းတွေကြားကbondတွေကို dramaticဆန်ဆန်ပုံစံလေးနဲ့ပြလေ့ရှိတယ်။
Desperate Housewivesကအပိုင်း180ရှိတဲ့ seriesဆိုတော့ ကိုယ်တိုင်လည်းအဲ့လို verseမျိုးရေးမယ်ဆိုရင် characterအများကြီးကိုသေချာလိုက်ထိန်းနိုင်မှရမှာ။လောလောဆယ်တော့ အခုရေးလက်စအတွဲမှာ characterတစ်ခုတည်း ကိုပဲအဓိကထားပြီးရေးသွားမယ်လို့စိတ်ကူးထားတယ်။တစ်ခြားcharacterတွေအကြောင်းလည်းပါမယ်။ဒါပေမဲ့ မူရင်းseriesမှာလိုတော့ character တွေအများကြီးကိုမျှမျှတတထားပြီးရေးဖြစ်မှာမဟုတ်သေးဘူး။တစ်ချိန်တော့အဲ့လိုရေးနိုင်ဖို့မျှော်လင့်တာပဲ။
ဒါကဘာကိုမှမစဉ်းစားဘဲ entertainment အတွက်သပ်သပ် ပထမဆုံးရေးဖူးတာပဲ။ဖတ်မိလို့သဘောကျရင်တော့ supportလေးပေးဖို့တောင်းဆိုချင်ပါတယ်။ကိုယ် ရေးထားတာကိုဖတ်တဲ့လူတွေရှိတယ်။သူတို့ဘဝကနေခဏတာစိတ်ထွက်ပေါက်ရတယ်ဆိုရင် စာရေးသူအတွက်ရှေ့ဆက်ရေးဖို့အရမ်းအားတက်ရလို့ပါ
YOU ARE READING
အိမ်ရှင်မတို့လျှို့ဝှက်ချက်
General Fictionလျှို့ဝှက်ချက်တွေ၊လူမှုရေးဖောက်ပြန်မှုတွေ၊မဖော်ရသေးတဲ့အလောင်းတွေနဲ့ပြည့်နေတဲ့ သီရိစံပါယ်လမ်း။ကိုယ့်ဘေးအိမ်ကအိမ်နီးချင်းအကြောင်းဘယ်လောက်သိထားတယ်လို့ထင်လဲ။သူတို့ကို သေချာဂရုစိုက်ကြည့်မိပြီဆိုတာနဲ့ အရင်ကသတိမထားခဲ့တဲ့ အရာတွေကို ဖြေးဖြေးချင်းသတိထားမိလ...